မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တို့ မေ့မထားပါ

တို့ မေ့မထားပါ

ကူးယူပါ–

  1. ၁။ လေမုန်တိုင်းလား

    ငလျင်ကြီးလား

    ဘယ်လို ဘေးဖြစ်ဖြစ် တို့တွေ့ကြုံလာတဲ့ခါ

    တစ်ယောက်တည်း မဟုတ်

    ကိုယ်တော် အနားရှိ

    ဘာလိုမှန်း သိ

    မိတ်ဆွေများလည်း

    လာကူညီမှာ စိတ်ချ

    (ထပ်ကျော့ပိုဒ်)

    တို့ မေ့မထားပါ

    အားလုံး တို့ မိသားစု

    တို့ ပစ်ပယ်မထား

    ဘာလိုတာ သိထားလို့

    လက်တွဲကူမယ်

    ဖေးမကူမယ်

    လက်ဆွဲထူမပေးမယ်

    တို့ မေ့မထားပါ

    တို့ရဲ့ မိသားစုပဲ

  2. ၂။ လေငြိမ်မိုးစဲ

    ရောင်နီထွက်တော့

    ညီကိုများ နွေးထွေးချစ်မေတ္တာ ခြုံလွှမ်းတော့

    ရင်မှာ သိလာရ

    တကယ် ခံစားရ

    ဒီနှောင်ကြိုးမျိုး

    ဘယ်လိုမှ မပြတ်

    ခိုင်မာမေတ္တာကြိုးပါ

    (ထပ်ကျော့ပိုဒ်)

    တို့ မေ့မထားပါ

    အားလုံး တို့မိသားစု

    တို့ ပစ်ပယ်မထား

    ဘာလိုတာ သိထားလို့

    လက်တွဲကူမယ်

    ဖေးမကူမယ်

    လက်ဆွဲထူမပေးမယ်

    တို့ မေ့မထားပါ

    တို့ရဲ့ ကမ္ဘာချီညီကိုများ

    တို့ မေ့မထားပါ

    တို့ရဲ့ မိသားစုပဲ။