မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

အသုံးများတဲ့ ကျမ်းချက်တွေ၊ ကျမ်းစာသား အသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ်မှန်ကို ရှာဖွေလေ့လာပါ။ ကျမ်းချက်တွေရဲ့ ရှေ့နောက်စကားတွေကို ဖတ်ပြီး ကျမ်းချက်တွေရဲ့ နောက်ခံအကြောင်းအရာကို လေ့လာပါ။ အောက်ခြေမှတ်ချက် ရှင်းပြချက်တွေ၊ ပြန်လှန်အညွှန်းတွေ အကူအညီနဲ့ ကျမ်းချက်ကို ပိုနားလည်လာပါလိမ့်မယ်။

ကမ္ဘာဦး ၁:၁—“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏”

ကျမ်းစာရဲ့ ဦးဆုံးကျမ်းချက်မှာ ဘယ်အရေးကြီးတဲ့ အမှန်တရားနှစ်ခုကို ဖော်ပြထားသလဲ။

ထွက်မြောက်ရာ ၂၀:၁၂— “မိဘကို ရိုသေပါ”

နောက်မှာ လိုက်ပါလာတဲ့ ကတိက အဲဒီပညတ်ကို လိုက်နာသင့်တဲ့ နောက်ထပ် အကြောင်းရင်းပါပဲ။

ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”

မကျော်လွှားနိုင်ပုံရတဲ့ အခက်အခဲတွေကြား ဘယ်လိုနည်းနဲ့ ရဲစွမ်းသတ္တိ၊ ခွန်အား ရှိနိုင်သလဲ။

ဆာလံ ၂၃:၄—“သေမင်း၏ အရိပ် လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း”

ဘဝဒုက္ခ ကြုံရချိန်၊ အမှောင်မိုက်ဆုံးအချိန်မှာတောင် ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေကို ဘယ်လို ကာကွယ်ပေးနေသလဲ။

ဆာလံ ၃၇:၄—“ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့”

ဒီဆာလံကျမ်းက ကျွန်တော်တို့ကို ပညာရှိဖို့၊ ဘုရား နှစ်သက်လက်ခံတဲ့သူတွေ ဖြစ်ဖို့ ဘယ်လိုကူညီပေးသလဲ။

ဆာလံ ၄၆:၁၀—“ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့”

ဒီကျမ်းချက်က ဘုရားကျောင်းမှာ ကြည်ညိုလေးစားစိတ်နဲ့ နှုတ်ဆိတ်နေရမယ်လို့ ဆိုလိုတာလား။

ပညာအလိမ္မာ ၃:၅၊ ၆—“ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့”

ကိုယ့်ကိုယ်ကိုယ် အားကိုးတာထက် ဘုရားသခင်ကို အားကိုးကြောင်း ဘယ်လို ပြနိုင်သလဲ။

ပညာအလိမ္မာ ၁၆:၃ ရှင်းပြချက်—“ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။”

ဆုံးဖြတ်ချက်တွေချတဲ့အခါ လမ်းညွှန်မှုရဖို့ ဘုရားကို မျှော်ကိုးသင့်တဲ့ အကြောင်းရင်းနှစ်ခုက ဘာလဲ။

ပညာအလိမ္မာ ၁၇:၁၇—“မိတ်ဆွေသည် အခါခပ်သိမ်းချစ်တတ်၏”

မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ်ကို ဒီပညာအလိမ္မာကျမ်းမှာ လှလှပပ ဖော်ကျူးထားတယ်။

ပညာအလိမ္မာ ၂၂:၆—“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”

ကလေးတစ်ယောက် သွားသင့်တဲ့ “လမ်း” ဟာ ဘယ်လမ်းလဲ။ ကလေးတစ်ယောက်စီအတွက် သွားသင့်တဲ့လမ်း တစ်မျိုးစီ ရှိတာလား။

ဒေသနာ ၃:၁၁ ရှင်းပြချက်—“ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်”

ဘုရားရဲ့ တင့်တယ်လှပတဲ့ လုပ်ဆောင်မှုတွေထဲမှာ ဖန်ဆင်းခြင်းလက်ရာတွေပဲ ပါတာ မဟုတ်ဘူး။ အဲဒါတွေက သင်နဲ့ ဘယ်လို သက်ဆိုင်မှု ရှိသလဲ။

ဟေရှာယ ၂၆:၃ ရှင်းပြချက်—“စိတ်နှလုံး တည်ကြည်သောသူ . . . ငြိမ်သက်ခြင်းသက်သက် ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်”

ပြီးပြည့်စုံတဲ့ ငြိမ်သက်မှု ခံစားဖို့ဆိုတာ ဖြစ်နိုင်သလား။ စိတ်နှလုံး တည်ကြည်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဟေရှာယ ၄၀:၃၁—“ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်”

ကျမ်းစာမှာ ဘုရားသခင်ဆီကနေ အစွမ်းခွန်အား ရတဲ့သူကို ပျံဝဲနေတဲ့ လင်းယုန်နဲ့ ဘာကြောင့် ခိုင်းနှိုင်းထားသလဲ။

ဟေရှာယ ၄၁:၁၀—“မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်”

ယေဟောဝါက မိမိလူတွေကို ကူညီထောက်မမယ်ဆိုတာကို အသုံးအနှုန်း သုံးမျိုးနဲ့ အာမခံထားတယ်။

ဟေရှာယ ၄၂:၈—“ငါသည် ထာဝရဘုရားဖြစ်၏”

ဘုရားကိုယ်တိုင် ရွေးချယ်ထားတဲ့နာမည်က ဘာလဲ။

ယေရမိ ၁၁:၁၁ ရှင်းပြချက်—“ဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်”

ဘုရားသခင်က မိမိလူမျိုးကို “ဘေးအန္တရာယ်” ကျရောက်အောင် လုပ်ခဲ့တာလား၊ ခွင့်ပြုရုံ ခွင့်ပြုခဲ့တာလား။

ယေရမိ ၂၉:၁၁—“မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့”

ဘုရားသခင်မှာ တစ်ဦးစီအတွက် သတ်သတ်မှတ်မှတ် အကြံအစည်တွေ ရှိသလား။

ယေရမိ ၃၃:၃ ရှင်းပြချက်​—“ငါ့ကို ခေါ်ပါ။ ပြန်ထူးမယ်”

ဘုရားသခင်က မိမိရဲ့ဖိတ်ခေါ်ချက်ကို လက်ခံသူတွေကို ‘ကြီးမြတ်တဲ့အရာ၊ မသိနားမလည်နိုင်တဲ့အရာတွေ’ ဖွင့်ပြမယ်လို့ ကတိပြုထားတယ်။ ဘယ်အရာတွေ ဖြစ်မလဲ။ ဒီနေ့ခေတ်မှာကော ဖွင့်ပြပေးဦးမလား။

မိက္ခာ ၆:၈—‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းပါ’

ဒီကျမ်းပိုဒ်က ကျွန်တော်တို့ဆီကနေ ဘုရား ဘာတောင်းဆိုထားသလဲဆိုတာ အဓိပ္ပာယ် လေးနက်တဲ့ အသုံးအနှုန်း သုံးခုနဲ့ ဖော်ပြထားတယ်။

မဿဲ ၆:၃၃—‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဦးစားထားကြပါ’

စားဝတ်နေရေးအတွက် ခရစ်ယာန်တွေ အလုပ်လုပ်စရာ မလိုဘူးလို့ ယေရှု ပြောခဲ့သလား။

မဿဲ ၆:၃၄—“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်”

အနာဂတ်အတွက် မစီစဉ်သင့်ဘူးလို့ ယေရှု ဆိုလိုနေတာ မဟုတ်ဘူး။

မဿဲ ၁၁:၂၈-၃၀ ရှင်းပြချက်— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”

ဖိစီးမှု၊ မတရားမှုတွေ ချက်ချင်း ပြေလည်သွားမယ်လို့ ယေရှု ဆိုလိုနေတာလား။

မာကု ၁:၁၅—“ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ”

နိုင်ငံတော် စတင် အုပ်ချုပ်ပြီလို့ ယေရှု ဆိုလိုသလား။

မာကု ၁၁:၂၄ ရှင်းပြချက်—“ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်”

ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း ယေရှုရဲ့အကြံပြုချက်က ဒီနေ့အချိန်မှာ အခက်အခဲတွေကို အောင်မြင်ကျော်လွှားဖို့ ဘယ်လိုကူညီပေးသလဲ။

လုကာ ၁:၃၇ ရှင်းပြချက်—“ ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိ”

အနန္တတန်ခိုးရှင်ရဲ့ ကတိတွေ အကောင်ထည် မပေါ်နိုင်အောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဒီအချက်က သင်နဲ့ ဘယ်လိုသက်ဆိုင်သလဲ။

လုကာ ၂:၁၄ ရှင်းပြချက်—“မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း”

ဒီစကားတွေက မျက်မှောက်ခေတ်လူတွေအတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်နိုင်သလဲ

ယောဟန် ၁:၁—“အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏”

ဒီကျမ်းချက်က ခရစ်တော် ယေရှု မြေကြီးပေါ် မလာခင် အသက်တာအကြောင်း အသေးစိတ် ဖော်ပြထားတယ်။

ယောဟန် ၃:၁၆—“ဘုရားသခင်သည် ... လောကီသားတို့ကို ချစ်တော်မူ၏”

ယေဟောဝါဘုရားသခင်က ကျွန်တော်တို့ကို ချစ်ပြီး ထာဝရအသက် ရစေချင်ကြောင်း ဘယ်လို ဖော်ပြသလဲ။

ယောဟန် ၁၄:၆—“ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။”

ယေဟောဝါဘုရားကို ဝတ်ပြုချင်ရင် ယေရှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမယ်။ ဘာကြောင့်လဲ။

ယောဟန် ၁၄:၂၇—“ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်”

နောက်လိုက်တွေကို ယေရှု ပေးခဲ့တဲ့ ငြိမ်သက်ခြင်းက ဘယ်လို ငြိမ်သက်ခြင်းမျိုးလဲ။ ကျွန်တော်တို့ ဘယ်လို ရနိုင်မလဲ။

ယောဟန် ၁၆:၃၃—“ငါသည် လောကကို အောင်ပြီ”

မိမိရဲ့ နောက်လိုက်တွေ ဘုရားနှစ်သက်မှု ရနိုင်တယ်ဆိုတာကို ယေရှု ဘယ်လို နှစ်သိမ့်ခဲ့သလဲ။

တမန်တော် ၁:၈ ရှင်းပြချက်—‘သင်တို့သည် တန်ခိုးကို ခံရမည်’

နောက်လိုက်တွေကို ဘယ်လို တန်ခိုးမျိုး ပေးမယ်လို့ ယေရှု ကတိပေးသလဲ။ ဒီတန်ခိုးနဲ့ ဘာတွေ လုပ်ဆောင်ကြမလဲ။

ရောမ ၅:၈—“ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့”

ဘုရားသခင့်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ဆန့်ကျင်ပြီး ကျွန်တော်တို့ တွေးခေါ်၊ ပြုမူတတ်တာကြောင့် အခုချိန်မှာ ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးခွင့်၊ အနာဂတ်မှာ ထာဝရအသက် ဘယ်လိုရရှိနိုင်မလဲ။

ရောမ ၆:၂၃ ရှင်းပြချက်— ‘အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား ထာဝရအသက်ပေတည်း’

အပြစ်သား တစ်ယောက်မှ ကယ်တင်ခြင်း ရအောင် ကိုယ့်ဘာသာ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘုရားပေး ဆုကျေးဇူး ထာဝရအသက် ရနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

ရောမ ၁၀:၁၃—“ထာဝရဘုရားကို ပတ္ထနာပြု”

ဘယ်နိုင်ငံသား၊ ဘယ်လူမျိုးပဲ ဖြစ်ပါစေ၊ လူနေမှု အဆင့်အတန်း ဘယ်လိုပဲရှိပါစေ လူတိုင်း ကယ်တင်ခံရဖို့၊ ထာဝရအသက် ရဖို့ ဘုရားသခင် အခွင့်အရေး ပေးထားတယ်။

ရောမ ၁၂:၂—“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”

ဘုရားသခင်က လူတွေကို အတင်းအကျပ် ပြုပြင်ပြောင်းလဲခိုင်းသလား။

ရောမ ၁၅:၁၃—“မျှော်လင့်ချက် ပေးတဲ့အရှင် ဘုရားသခင်က . . . ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ”

ရွှင်လန်းခြင်းနဲ့ ငြိမ်သက်ခြင်း အရည်အသွေးတွေဟာ မျှော်လင့်ခြင်း၊ သန့်ရှင်းသော စွမ်းအားတော်တို့နဲ့ ဘယ်လို ဆက်စပ်သလဲ။

၁ ကောရိန္သု ၁၀:၁၃ ရှင်းပြချက်—“ဘုရားသခင်ဟာ သစ္စာရှိ”

ကျွန်တော်တို့ သွေးဆောင်ခံရတဲ့အခါ ဘုရားသခင်ရဲ့သစ္စာရှိမှုက ဘယ်လိုနည်းတွေနဲ့ အထူးတလည် ကူညီပေးသလဲ။

၂ ကောရိန္သု ၁၂:၉ ရှင်းပြချက်—“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏”

ဘုရားရဲ့ မဟာကရုဏာကနေ တမန်တော်ပေါလု ဘယ်လို အကျိုးကျေးဇူးရခဲ့သလဲ။ ကျွန်တော်တို့ကော ဘယ်လိုအကျိုးရနိုင်မလဲ။

ဂလာတိ ၆:၉—“ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့”

ကောင်းမွန်ရာကို ခရစ်ယာန်တွေ တစိုက်မတ်မတ် ဆက်လုပ်နေရင် ဘာရလဒ်ရမလဲ။

ဧဖက် ၃:၂၀ ရှင်းပြချက်​—“ငါတို့ တောင်းလျှောက်ကြံစည်သမျှသော အရာတို့ထက် သာလွန်ပိုမို၍ ချပေးတော်မူနိုင်သော ဘုရားသခင်”

ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တွေ၊ ဆန္ဒတွေကို ဘယ်လို ဖြည့်ဆည်းပေးသလဲ။

ဖိလိပ္ပိ ၄:၆၊ ၇—‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိနှင့်’

ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေကို စိုးရိမ်ပူပန်မှုတွေ သက်သာပြီး စိတ်ငြိမ်သက်မှု ရှိအောင် ဘယ်ဆုတောင်းချက်တွေက ကူညီပေးသလဲ။

ဖိလိပ္ပိ ၄:၈​—“မှန်ကန်တဲ့အရာ . . . မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ”

ခရစ်ယာန်တွေ ဘာအကြောင်းအရာတွေကို အကျင့်ဖြစ်သွားအောင် တွေးတောဆင်ခြင်သင့်သလဲ။

ဖိလိပ္ပိ ၄:၁၃—“ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါ တတ်စွမ်းနိုင်၏”

“အရာရာကို” စွမ်းဆောင်နိုင်ဖို့ ခွန်အားရတယ်လို့ တမန်တော် ပေါလုရေးတာက ဘာကို ဆိုလိုသလဲ။

ကောလောသဲ ၃:၂၃ ရှင်းပြချက်— “ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့”

အလုပ်နဲ့ပတ်သက်ပြီး ခရစ်ယာန်တစ်ယောက်ရဲ့ သဘောထားဟာ ဘုရားနဲ့ သူ့ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ။

၂ တိမောသေ ၁:၇—“ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်”

ကြောက်တတ်တဲ့စိတ် မရှိအောင်၊ မှန်ရာကို သတ္တိရှိရှိ လုပ်နိုင်အောင် ဘုရားသခင် ဘယ်လို ကူညီပေးနိုင်သလဲ။

ဟီဘရူး ၄:၁၂ ရှင်းပြချက်—‘ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းနှင့် ပြည့်စုံ’

သင့်ဘဝမှာ ဘုရားသခင်ရဲ့ နှုတ်ထွက်စကား သက်ရောက်ခွင့် ပြုနေသလား။ သင်နဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

ဟီဘရူး ၁၁:၁—‘ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်သည့်အရာများကို စိတ်ချခြင်း ဖြစ်၏’

စစ်မှန်တဲ့ ယုံကြည်ခြင်းက ဘယ်လောက် ခိုင်ခံ့သလဲ။ ဘယ်လောက် အရေးကြီးသလဲ။

၁ ပေတရု ၅:၆၊ ၇ ရှင်းပြချက်—“ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ . . . သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”

ဘုရားသခင်ဆီ စိုးရိမ်စရာအားလုံး ပုံအပ်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ ဒီအချက်ကို နားလည်ထားတာက ဘာကြောင့် စိတ်သက်သာရာ ရစေသလဲ။

ဗျာဒိတ် ၂၁:၁ ရှင်းပြချက်—“ကောင်းကင်သစ်နဲ့ မြေကြီးသစ်”

ဒီကျမ်းချက်ရဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ ဘာသဲလွန်စ တွေ့ရသလဲ။

ဗျာဒိတ် ၂၁:၄—“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်”

ဒီကျမ်းချက်မှာ အနာဂတ်အတွက် သိပ်ကောင်းတဲ့ကတိ ပါရှိတယ်။