မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၇

မေတ္တာစံနမူနာ

မေတ္တာစံနမူနာ

(၁ ယောဟန် ၄:၁၉)

  1. ၁။ ယေဟောဝါထံမှ သင်ခဲ့ရသော မေတ္တာ

    လမ်းညွှန်နေ၊ ဦးဆောင်နေ၊

    ကိုယ်တော်ပြုသမျှ မေတ္တာနမူနာဖြစ်၊

    ပြောဆိုရာမှာ၊ ပြုမူရာမှာ။

    တို့အတွက် သားကိုပေး၊ ကိုယ်တော့်ချစ်ဆုံးသားပါ၊

    တို့အပြစ် ဖြေဖို့၊ ပြစ်မှားမှု ခွင့်လွှတ်ဖို့။

    မေတ္တာသက်သေပါ၊ အမြင့်မြတ်ဆုံးနည်းပါ။

    ဘုရားနည်းသာ၊ လမ်းစဉ်တော်မေတ္တာ။

  2. ၂။ ဘုရားလမ်းစဉ်လိုက် ညီအစ်ကိုချင်းမေတ္တာ

    စစ်မှန်မှာ၊ နွေးထွေးမှာ၊

    အာရုံစိုက်စေမှာ အချင်းချင်း ရိုင်းပင်းဖို့၊

    ပျိုအိုမရွေး၊ ကြီးငယ်မရွေး။

    မေတ္တာစစ် တင်ပြ၊ ဘုရားနဲ့ ညီအစ်ကိုပေါ်

    ယောက်တိုင်း တို့လိုအပ်၊ ဘယ်သူမှ မပစ်ပယ်၊

    အပြစ်လေးတွေကို မေတ္တာမှန်နဲ့ ဖုံးကွယ်၊

    ထင်ရှားပြမှာ ညီအစ်ကိုမေတ္တာ။

  3. ၃။ ညီညွတ်စည်းလုံးဖို့၊ မိသားစုလို ချစ်ဖို့၊

    လှုံ့ဆော်တာ မေတ္တာပါ။

    ကောင်းကင်မှအဖ လှိုက်လှဲစွာ ဖိတ်ခေါ်ထား–

    “စည်းလုံးမှုအား အရောက်လာခံစား။”

    ကိုယ်တိုင်သက်သေပါ၊ မေတ္တာတင်ပြကြမှာ။

    သန့်ရှင်းကျမ်းစာနဲ့ စွမ်းအားတော် သန့်စင်ပေး၊

    ညီအစ်ကိုမိတ်ဆွေများ နှိုးဆော်သတိပေးတာ၊

    ယေဟောဝါသာ မေတ္တာစစ်ဖြစ်တာ။

(ရော. ၁၂:၁၀။ ဧ. ၄:၃။ ၂ ပေ. ၁:၇ တို့ကိုလည်း ကြည့်ပါ။)