မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၅

ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု

ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု

(ဟီဘရူး ၁:၆)

  1. ၁။ ကြို ယေဟောဝါ့ သားဦး၊

    ဘုရား ခန့်အပ်တဲ့ဘုရင်။

    သစ္စာ၊ တရားတွက် စိုးစံ။

    သူ့အုပ်ချုပ်မှု ကောင်းချီးလျှံ

    ဂုဏ်သိက္ခာနဲ့ ထည်ဝါစွာ၊

    နာမတော် ချစ်စိတ်ဖြင့်

    ယေဟောဝါ့ ချုပ်ခြာအာဏာ၊

    သံသယ ကင်းစင်စေမှာ။

    (ထပ်ကျော့ပိုဒ်)

    ကြို ယေဟောဝါ့ သားဦး။

    ချီးမွမ်း ဘိသိက်ခံ သားတော်။

    ဇိအုန်တောင်ပေါ် ခန့်အပ်ခံ၊

    အုပ်ချုပ်မှု ခုစတင်ပြီ။

  2. ၂။ ကြို ယေဟောဝါ့ သားဦး၊

    တို့သက်ရှင်ဖို့ အသေခံ။

    နှိမ့်ချစွာနဲ့ ရွေးဖိုးပေး၊

    တို့အပြစ် ဘုရား လွှတ်နိုင်။

    သတို့သမီး ခရစ်ကို မျှော်၊

    အဖြူရောင် ဝတ်ဆင်ထား။

    ဒီကောင်းကင် မင်္ဂလာပွဲ

    အုပ်ချုပ်မှုမှန် ထင်ရှား။

    (ထပ်ကျော့ပိုဒ်)

    ကြို ယေဟောဝါ့ သားဦး။

    ချီးမွမ်း ဘိသိက်ခံ သားတော်။

    ဇိအုန်တောင်ပေါ် ခန့်အပ်ခံ၊

    အုပ်ချုပ်မှု ခုစတင်ပြီ။

(ဆာ. ၂:၆။ ၄၅:၃၊ ၄။ ဗျာ. ၁၉:၈ တို့ကိုလည်း ကြည့်ပါ။)