မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၀

သင့်ကို ဘယ်သူ ပိုင်သလဲ

သင့်ကို ဘယ်သူ ပိုင်သလဲ

(ရောမ ၁၄:၈)

  1. ၁။ သင့်ကို အဘယ်သူပိုင်။

    ဘယ်ဘုရား သင်နာခံနေ။

    သင်ပျပ်ဝပ်သူဟာ သင့်သခင်ပဲ။

    သင်ဝတ်ပြုသူ၊ သင့်ဘုရားပဲ။

    ဘုရားနှစ်ပါးစလုံး၊

    အကြွင်းမဲ့ မဆည်းကပ်နိုင်၊

    သင့်စိတ်နှလုံးထဲ ရှိထားတဲ့အတိုင်း

    နောက်ဆုံး သင် ရွေးချယ်ဝတ်ပြု။

  2. ၂။ သင့်ကို အဘယ်သူပိုင်။

    ဘယ်ဘုရား သင်နာခံနေ။

    တစ်ပါးက မှားပြီး တစ်ပါးသာ မှန်၊

    ရွေးချယ်ရမှာတော့ သင့်တာဝန်။

    လောကတိုင်းနိုင်ငံပေါ်

    သင်သစ္စာစောင့်သိဆဲလား။

    ဒီလို မဟုတ်ဘဲ မှန်သောဘုရားကို

    အမြဲ သင် နာခံမလား။

  3. ၃။ ငါ့ကို အဘယ်သူပိုင်။

    ယေဟောဝါ ငါနာခံမယ်။

    ကောင်းကင်ဖခင်ကို ငါဝတ်ပြုပြီး

    အကြွင်းမဲ့ သစ္စာဝတ် ဖြေမယ်။

    တန်ဖိုးကြီးနဲ့ ဝယ်ထား၊

    ဘုရားပေါ် သစ္စာမြဲမယ်။

    အသက်ရှင်သရွေ့ ငါပေးဆပ်သွားမယ်။

    နေ့စဉ် နာမ ဂုဏ်ပြုမယ်။