မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၆၅

တိုးတက်နေပါ

တိုးတက်နေပါ

(ဟီဘရူး ၆:၁)

  1. ၁။ တိုးတက်နေ၊ တိုးတက်နေ၊ ရင့်ကျက်ခြင်းသို့လေ။

    အမှန်တရား အလင်းပေး လူအားလုံး မြင်တွေ့စေ။

    ဓမ္မအမှု တိုးတက်ဖို့ စွမ်းကုန် ကြိုးစားလေ၊

    အောင်မြင်မှု ဘုရားပေးမှာ။

    မှုတော်ဆောင်ခွင့်ရေး အားလုံး ရထား၊

    ယေရှု ပြုခဲ့သောအမှု သတိရ။

    သင်ဘယ်တော့ မလဲဖို့ ဘုရားအား မျှော်ကိုး၊

    ဖြောင့်မှန်ခြင်းဘက် ရပ်တည်နေ။

  2. ၂။ တိုးတက်နေ၊ တိုးတက်နေ၊ ရဲရဲသက်သေခံ။

    ထာဝရသတင်းကောင်း လူတွေအားလုံးတွက် ဆောင်ကြဉ်း။

    ချီးမွမ်းကြ ရှင်ယေဟောဝါ ဘုရား၊ ဘုရင်၊

    အိမ်ရှေ့တိုင်းမှာ သက်သေခံ။

    ရန်သူများ တို့ကြောက်အောင် လုပ်ဆောင်ကြ။

    လူတကာ ကြားသိဖို့ နောက်မဆုတ်နဲ့။

    တို့ဘုရားနိုင်ငံတော် တည်ပြီ သတင်းကောင်း

    အမှန်တရားကို တိုးသင်ပြ။

  3. ၃။ တိုးတက်နေ၊ တိုးတက်နေ၊ အစဉ်တိုးတက်နေ၊

    လုပ်စရာ မြောက်မြားစွာတွက် သင့်စွမ်းရည်ကို မြှင့်ပေး၊

    စွမ်းအားတော် အစဉ်သင့်အား အောင်မြင်စေမှာ။

    မြတ်လှသော ရွှင်လန်းမှုပါ။

    မေတ္တာနဲ့ လူတို့ကို ကြိုးစားရှာ၊

    စိတ်နှလုံး ထိမိဖို့ လည်ပတ်ကာ

    အားလုံးကို နေ့စဉ်တိုးတက်ဖို့ ကူညီပါ။

    အမှန်တရား ထင်ရှားလာမှာ။

(ဖိ. ၁:၂၇။ ၃:၁၆။ ဟီ. ၁၀:၃၉ တို့ကိုလည်း ကြည့်ပါ။)