မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးသောနေ့ရက်များကို ကပ်ကျော်သူတွေအတွက် သာယာလှပတဲ့ ဥယျာဉ်က စောင့်ကြိုနေ

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

“နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြပါသလား

သင် ဘယ်လို ထင်ပါသလဲ။

  • ဟုတ်တယ်

  • မဟုတ်ဘူး

  • ဖြစ်ကောင်းဖြစ်နိုင်တယ်

ကျမ်းစာ သွန်သင်ရာ

“နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။” (၂ တိမောသေ ၃:၁) ကျမ်းစာကြိုဟောချက်နဲ့ လက်ရှိဖြစ်ရပ်တွေက အခုအချိန်ဟာ “နောက်ဆုံးသောနေ့ရက်များ” ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • စစ်ပွဲ၊ အစာခေါင်းပါးမှု၊ ငလျင်၊ ရောဂါဆိုးပျံ့နှံ့မှုတွေဟာ နောက်ဆုံးသောနေ့ရက်များရဲ့ လက္ခဏာ ဖြစ်တယ်။ —မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၁

  • နောက်ဆုံးသောနေ့ရက်များအတွင်း လူ့အသိုင်းအဝိုင်းမှာ ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးစံနှုန်းတွေ အကြီးအကျယ် ကျဆင်းလိမ့်မယ်။—၂ တိမောသေ ၃:၂-၅

လူတွေအတွက် ဘယ်လို အနာဂတ်ရှိသလဲ။

လူတချို့ ယုံကြည်ရာ . . .

နောက်ဆုံးသောနေ့ရက်များရဲ့ အဆုံးမှာ ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က လူအားလုံး ဖျက်ဆီးခံရလိမ့်မယ်။ ကမ္ဘာ့အခြေအနေ ပိုကောင်းလာမယ်လို့လည်း လူတချို့ မျှော်လင့်ကြတယ်။

သင် ဘယ်လို ထင်ပါသလဲ။

ကျမ်းစာ သွန်သင်ရာ

  • “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉

  • ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

 

“နောက်ဆုံးသောနေ့ရက်များ” အကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၉ မှာကြည့်ပါ

www.mr1310.com/mya ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်