မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ

၃ ဇွဲရှိပါ

၃ ဇွဲရှိပါ

အကျင့်တစ်ခုစွဲမြဲဖို့ ၂၁ ရက်ကြာတယ်လို့ ပညာရှင်တစ်ယောက် ပြောတယ်။ လေ့လာမှုတွေအရတော့ ပြောင်းလဲမှုကြီးတွေလုပ်ဖို့ တချို့အတွက် အဲဒီလောက်မကြာပေမဲ့ တချို့ကျတော့ ဒီထက်မကပိုကြာတယ်။ ဒါက သင့်ကို စိတ်ဓာတ်ကျသွားစေသလား။

ဒီအခြေအနေကို စဉ်းစားကြည့်ပါ– တစ်ပတ်မှာ သုံးရက် လေ့ကျင့်ခန်းလုပ်တဲ့အကျင့် ရှိချင်တယ် ဆိုပါစို့။

  • ပထမအပတ်မှာ ပန်းတိုင်ပြည့်မီတယ်။

  • ဒုတိယအပတ်မှာ တစ်ရက်ပျက်သွားတယ်။

  • တတိယအပတ်မှာ ပန်းတိုင်အတိုင်း ပြန်လုပ်နိုင်တယ်။

  • စတုတ္ထအပတ်မှာ တစ်ကြိမ်လောက်ပဲ လုပ်နိုင်တယ်။

  • ငါးပတ်မြောက်မှာ ပန်းတိုင်ပြည့်မီတယ်။ အဲဒီနောက်ပိုင်းမှာ အပတ်တိုင်း လုပ်သွားနိုင်ပြီ။

ဒီအခြေအနေမှာ အကျင့်တစ်ခုစွဲဖို့ ငါးပတ်ကြာတယ်။ အချိန်ကြာတယ်လို့ ထင်ရပေမဲ့ ပန်းတိုင်ပြည့်မီသွားပြီဆိုတာနဲ့ အကျင့်ကောင်းတစ်ခု ပျိုးထောင်နိုင်လို့ သင် ပျော်ရွှင်ပါလိမ့်မယ်။

ကျမ်းစာအကြံပြုချက်– ‘ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။’—သုတ္တံ ၂၄:၁၆ကဘ။

ကျမ်းစာက ဇွဲရှိဖို့ အားပေးတယ်။ ဘယ်နှကြိမ်လဲတယ်ဆိုတာထက် ဘယ်နှကြိမ် ပြန်ထသလဲဆိုတာက ပိုအရေးကြီးတယ်။

ဘယ်နှကြိမ်လဲတယ်ဆိုတာထက် ဘယ်နှကြိမ် ပြန်ထသလဲဆိုတာက ပိုအရေးကြီးတယ်

လုပ်ဆောင်နိုင်ရာ

  • တစ်ကြိမ်ပျက်ကွက်ရုံနဲ့ လက်မလျှော့လိုက်ပါနဲ့။ ပန်းတိုင်ရောက်ဖို့ ကြိုးစားနေချိန်မှာ အခက်အခဲတွေ ရှိမယ်ဆိုတာ မျှော်လင့်ထားပါ။

  • အောင်မြင်သွားတဲ့ အချိန်တွေကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ ကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့ပုံစံ တိုးတက်အောင် ကြိုးစားနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ကလေးတွေကို အော်ငေါက်ချင်စိတ်ပေါ်ပေမဲ့ ချုပ်တည်းနိုင်ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကလဲ။ မအော်ငေါက်ဘဲ ဘယ်လို ပြောခဲ့သလဲ။ နောက်ပိုင်းလည်း အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။’ အဲဒီမေးခွန်းတွေက ပျက်ကွက်ခဲ့တာတွေကို စဉ်းစားမနေစေဘဲ ဆက်တိုးတက်ဖို့ အားပေးမှုဖြစ်စေပါတယ်။

ဘဝစိုးရိမ်ပူပန်မှုတွေ ဖြေရှင်းနိုင်ပုံ၊ ပျော်ရွှင်သာယာတဲ့မိသားစု တည်ဆောက်နိုင်ပုံ၊ စစ်မှန်တဲ့ပျော်ရွှင်မှု ရှာတွေ့နိုင်ပုံ စတဲ့အကြောင်းအရာတွေအတွက် သမ္မာကျမ်းစာ အကြံပြုချက်တွေကိုရော သိချင်ပါသလား။ ယေဟောဝါသက်သေတစ်ယောက်နဲ့ ဆက်သွယ်ပါ ဒါမှမဟုတ် jw.org/mya ကို ဝင်ကြည့်ပါ။