မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကွာရှင်းချင်တယ်”

“ကွာရှင်းချင်တယ်”

ပျက်စီးယိုယွင်းနေသော အိမ်သည် လျစ်လျူရှုခံထားရသည်ကို ပြသည်။ ယင်းအိမ်သည် နှစ်များတစ်လျှောက် မုန်တိုင်းများစွာမှ လွတ်မြောက်ခဲ့သော်လည်း အားလုံးကိုတော့ မဟုတ်ပါ။ ယခု အဆောက်အအုံမှာ ယိုင်နဲ့နေပြီး ပြိုလဲတော့မည့်ပုံ ပေါက်နေပြီ။

ယင်းမြင်ကွင်းသည် ယနေ့အိမ်ထောင်များစွာ၏ အခြေအနေကို ဖော်ပြနေသည်။ သင့်အိမ်ထောင်ရေးသည်လည်း ထပ်တူအခြေအနေသို့ ဦးတည်နိုင်ကြောင်း ခံစားဖူးပါသလော။ ယင်းသို့ခံစားရပါက ပြဿနာမရှိသည့် စုံတွဲဟူ၍ မရှိသည်ကို ယုံကြည်စိတ်ချပါ။ အမှန်မှာ၊ အိမ်ထောင်သည်များသည် ‘‘ကာယဆင်းရဲဒုက္ခကို’’ ခံရဖွယ်ရှိကြောင်း သမ္မာကျမ်းစာက လက်တွေ့ကျကျ အသိအမှတ်ပြုသည်။—၁ ကောရိန္သု ၇:၂၈ကဘ

သုတေသီအဖွဲ့တစ်ဖွဲ့က အိမ်ထောင်ရေးကို ဤသို့ဖော်ပြကာ ယင်းစကားများ၏ မှန်ကန်မှုကို မီးမောင်းထိုးပြသည်– “ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းရှိ လူအများဆုံးသည် အရဲစွန့်ရလွန်းသော တာဝန်ကြီးကို လက်ခံရယူလေ့ရှိသည်။” သူတို့ ဤသို့ထပ်ဖြည့်စွက်သည်– “များစွာသောရွှင်လန်းမှု၊ ကတိစကားနှင့်စခဲ့သော ဆက်ဆံရေးတစ်ခုသည် လူတစ်ဦး၏ ဘဝအသက်တာတွင် စိတ်ပျက်စရာနှင့် နာကျင်ဒုက္ခ အဖြစ်စေဆုံးအရာ ဖြစ်သွားနိုင်သည်။”

သင့်အိမ်ထောင်ရေးကော အသို့နည်း။ အောက်ဖော်ပြပါ စရိုက်လက္ခဏာများထဲမှ တစ်ခု သို့မဟုတ် ထို့ထက်ပိုရာများကြောင့် အိမ်ထောင်ရေးထိခိုက်နေသလော။

  • အမြဲတမ်း ငြင်းခုံနေခြင်း

  • ထိခိုက်နာကြည်းစေသော စကားများ

  • ဖောက်ပြန်မှု

  • စိတ်နာကြည်းမှု

သင့်အိမ်ထောင်ရေးသည် ယိုင်နဲ့ပြီး ပြိုလဲတော့မည့်ပုံပေါက်ပါက သင်အဘယ်အရာ လုပ်သင့်သနည်း။ ကွာရှင်းခြင်းသည် ဖြေရှင်းနည်းလော။