မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ကမ္ဘာ့ငြိမ်းချမ်းရေး ဘာကြောင့် မရရှိတာလဲ

လူတွေရဲ့သဘောထားကို ပြောင်းလဲပေးနိုင်တဲ့ အစိုးရတစ်ခုကသာ ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်

အဓိကအကြောင်းရင်း နှစ်ခုကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ပထမ၊ လူသားတွေဟာ အံ့ဩစရာကောင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်ပေမဲ့လည်း ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမရှိကြဘူး။ ဒုတိယ၊ “တစ်လောကလုံးသည် ဆိုးညစ်သူ” စာတန်မာရ်နတ်ရဲ့ “ဩဇာအောက်တွင် ရှိနေ” တဲ့အတွက် လူ့အကြံအစည်တွေက မအောင်မြင်ခဲ့ကြဘူး။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိအောင် လူတွေ မလုပ်ဆောင်နိုင်ကြပါဘူး။—ယေရမိ ၁၀:၂၃; ၁ ယောဟန် ၅:၁၉ တို့ကိုဖတ်ပါ။

လူတွေရဲ့ အတ္တစိတ်တွေ၊ ရည်မှန်းချက်ကြီးမှုတွေကြောင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး မရရှိတာဖြစ်တယ်။ မှန်ရာကိုမြတ်နိုးပြီး အချင်းချင်း ချစ်ဖို့သင်ပေးနိုင်မယ့် ကမ္ဘာ့အစိုးရတစ်ခုကသာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မှာဖြစ်တယ်။—ဟေရှာယ ၃၂:၁၇; ၄၈:၁၈၊ ၂၂ ကိုဖတ်ပါ။

ကမ္ဘာ့ငြိမ်းချမ်းရေးရရှိအောင် ဘယ်သူက လုပ်ဆောင်ပေးမှာလဲ

လူသားအားလုံးကို အုပ်ချုပ်မယ့် အစိုးရတစ်ခုကို တည်ထောင်ပေးမယ်လို့ အနန္တတန်ခိုးရှင် ဘုရားသခင် ကတိပေးထားပါတယ်။ အဲဒီအစိုးရက လူ့အစိုးရတွေကို ဖယ်ရှားပါတော့မယ်။ (ဒံယေလ ၂:၄၄၊ ၄၅) ဘုရားသခင့်သားတော် ငြိမ်းချမ်းရေးမင်းသားဖြစ်တဲ့ ယေရှုဟာ ကမ္ဘာပေါ်ကနေ မကောင်းမှုအားလုံးကို ဖယ်ရှားပြီး လူသားတွေကို ငြိမ်းချမ်းရေးလမ်းစဉ် သင်ပေးပါလိမ့်မယ်။—ဟေရှာယ ၉:၆၊ ၇; ၁၁:၄၊ ကိုဖတ်ပါ။

အခု ယေရှုရဲ့ ညွှန်ကြားမှုအောက်မှာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဟာ သမ္မာကျမ်းစာကိုအသုံးပြုပြီး လူတွေကို သင့်မြတ်ငြိမ်းချမ်းစွာ နေထိုင်တတ်ဖို့ သင်ပေးနေပါပြီ။ မကြာခင် ကမ္ဘာ့ငြိမ်းချမ်းရေး အစစ်အမှန် ရရှိပါတော့မယ်။—ဟေရှာယ ၂:၃၊ ၄; ၅၄:၁၃ ကိုဖတ်ပါ။