မာတိကာဆီ ကျော်သွား

ဗြိတိန် ဓာတ်ပုံ​ပြခန်း ၇ (၂၀၁၈ စက်တင်ဘာ-၂၀၁၉ ဖေဖော်ဝါရီ)

ဗြိတိန် ဓာတ်ပုံ​ပြခန်း ၇ (၂၀၁၈ စက်တင်ဘာ-၂၀၁၉ ဖေဖော်ဝါရီ)

၂၀၁၈ စက်တင်ဘာ​လ​ကနေ ၂၀၁၉ ဖေဖော်ဝါရီ​လ​အတွင်း ယေဟောဝါသက်သေများရဲ့ ဗြိတိန် ဌာနခွဲရုံး​သစ် ဆောက်လုပ်ရေး​လုပ်ငန်း တိုးတက်မှု​ကို ဒီ​ဓာတ်ပုံ​ပြခန်း​မှာ ကြည့်ပါ။

  1. ၁။ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

  2. ၂။ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

  3. ၃။ ရုံးခန်း အဆောက်အအုံ

  4. ၄။ လူနေ​ဆောင် A

  5. ၅။ လူနေ​ဆောင် B

  6. ၆။ လူနေ​ဆောင် C

  7. ၇။ လူနေ​ဆောင် D

  8. ၈။ လူနေ​ဆောင် E

  9. ၉။ လူနေ​ဆောင် F

စက်တင်ဘာ ၂၅၊ ၂၀၁၈—လူနေ​ဆောင် A

အဆောက်အအုံ အပြင်ဘက်​အလုပ်၊ စက်​ကိုင်​အဖွဲ့သား​တွေ​က မြေ​တူး​စက်​နှစ်ခု​ကို​သုံးပြီး အဓိက​ရေပိုက်​လိုင်း​ကို နေရာချ​နေကြစဉ်။ အနောက်​ဘက်မှာ ရုံးခန်း​အဆောက်အအုံ​ကို တွေ့​နိုင်ပါတယ်။

စက်တင်ဘာ ၂၆၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

လုပ်သားတွေ အဆောက်အအုံ မျက်နှာစာ​ကို တပ်ဆင်​နေကြစဉ်။ အဆောက်အအုံ​မှာ သုံးထားတဲ့​အရောင်​နဲ့ ပုံစံက ပတ်ဝန်းကျင် အနေအထား​တဲ့ လိုက်ဖက်​မှု​ရှိတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

စက်တင်ဘာ ၂၇၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ကွန်ကရစ်​လောင်း​ပြီးနောက် မျက်နှာပြင်​ညှိ​စက်​နဲ့ မျက်နှာပြင် ချောမွတ်​အောင်၊ အရောင်​လှ​အောင်၊ ကြာရှည်ခံ​အောင် လုပ်သားတွေ လုပ်ဆောင်နေ​ကြ​စဉ်။

အောက်တိုဘာ ၄၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

အရှေ့မြောက်ဘက်​ကနေ အပေါ်​စီး​မြင်ကွင်း။ အရှေ့ပိုင်း​ပုံ​က ပင်မ​ဧည့်​ခန်း ကား​ရပ်နား​ရာ​နေရာ​လုပ်မယ့် မြေပြင်​ကို အဆောက်အအုံ အပြင်ဘက်​အလုပ် အဖွဲ့သား​တွေ ရှင်းလင်း​ပြင်ဆင်​နေတဲ့​ပုံ ဖြစ်တယ်။ သံမဏိ​ဘောင်​တွေ တပ်ဆင်​ထားတဲ့ ဧည့်​ခန်း​ဆောင်​နဲ့ ဘယ်​ဘက်က ရုံးခန်း​အဆောက်အအုံ နှစ်ခု​ကို ဆက်သွယ်​တဲ့​အလုပ် ပြီးစီး​သွားပါပြီ။ အနောက်​ဘက်မှာ မြောက်ဘက်​နဲ့ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ​ကို တွေ့​နိုင်ပါတယ်။

အောက်တိုဘာ ၁၀၊ ၂၀၁၈—ဌာနခွဲ လုပ်ငန်းခွင်

လူနေ​ဆောင် A အနီးမှာ မြေ​တိုင်း​တဲ့ ညီအစ်မ​က ဥယျာဉ်​ခင်းကျင်း​တဲ့ အဖွဲ့သား​တွေ​အတွက် မြေ​မျက်နှာ​သွင်ပြင်​ကို စစ်ဆေး​ပေး၊ မှတ်တမ်း​လုပ်ပေး​နေစဉ်။ ဥယျာဉ်​ခင်းကျင်း​တဲ့ အလုပ်ကို စီမံကိန်း​အစ​ကတည်းက လုပ်​ထားတဲ့​အတွက် ဆောက်လုပ်ရေး​ပြီးစီး​သွားချိန်မှာ သစ်ပင် ပန်း​မ​န်​တွေ​လည်း ပွင့်လန်း​ဝေဆာ​နေပါလိမ့်မယ်။

အောက်တိုဘာ ၃၁၊ ၂၀၁၈—လူနေ​ဆောင် F

ကား​ရပ်နား​မယ့်​နေရာ ကြမ်းပြင်​ကို ညီအစ်ကို​နဲ့ ညီအစ်မ ဆေးသုတ်​နေကြစဉ်။ ညီအစ်မ​က ခြေရာ​ထင်​ကျန်ရစ်​ခြင်း မရှိတဲ့ ဖိနပ်​ကို စီး​ထားပါ​တယ်။ ကြမ်းပြင်​ကို သုတ်​တဲ့​ဆေး​က အကြမ်း​ပ​တမ်း​ခံ​တဲ့​အပြင် ဆီ​အစွန်းအကွက်​တွေ မဖြစ်စေ​ပါဘူး။ ကား​တွေ​ထား​မယ့်​နေရာ​အတွက် အကောင်းဆုံး သုတ်ဆေး​ဖြစ်ပါတယ်။

နိုဝင်ဘာ ၆၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ပိုက်​တပ်ဆင်​သူတွေက အလုပ်​ဧရိယာ​အကျယ်ကြီး​မှာ တပ်ဆင်​မယ့် အပူ​ပေး​ပိုက်လိုင်း​တွေ ချိတ်ဆွဲ​ဖို့ သံကြိုးတွေ​ကို တိုင်းတာ​ပြီး ဖြတ်တောက်​နေစဉ်။

နိုဝင်ဘာ ၆၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ရုံးခန်း​အဆောက်အအုံ အတွင်းပိုင်း​ကို လုပ်သားတွေ အောက်ခံ​ဆေး သုတ်​နေကြစဉ်။ ရုံးခန်း​တစ်ခုစီ​အတွက် တပ်ဆင်​ထားတဲ့ လေ​ပူ၊ လေ​အေး၊ လေ​သန့်​ပိုက်လိုင်း​တွေ ဆေး​မ​စွန်း​အောင် အနက်​ရောက် ပလတ်စတစ်​တွေ​နဲ့ အုပ်​ထားပါ​တယ်။

နိုဝင်ဘာ ၈၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

ဧည့်ကြို​ဌာန တည်ရှိမယ့်​နေရာ အပေါ်​ဘက်​ကို လုပ်သားတွေ စ​တီး​ဘောင်​တွေ တပ်ဆင်​နေကြစဉ်။

ဒီဇင်ဘာ ၇၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

လုပ်သားတွေ​ဟာ လေ​စု​ပ်​အား​နဲ့​သယ်​တဲ့ ဝန်ချီစက်​ငယ်​ကို​သုံးပြီး ထမင်းစားခန်း​နဲ့ အစည်းအဝေး​ခန်းမ အပြင်ဘက်​ကို မှန်​ချ​ပ်​တွေ တပ်ဆင်​နေကြစဉ်။

ဒီဇင်ဘာ ၁၀၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ

လျှပ်စစ်​ပိုင်း​ဆိုင်ရာ လုပ်သားတွေ​က ကွန်ပျူတာ ဒေ​တာ​ကြိုးတွေ​မှာ ပ​လတ်​ခေါင်း​တွေ တပ်ဆင်​နေစဉ်။ ရုံးခန်း​အဆောက်အအုံ အလွှာ​လေး​လွှာ​စ​လုံး​ကို အဆင့်​တွေ​လုပ်ပြီး ကြမ်းခင်း​ထားပါ​တယ်။ အဲဒီ ကြမ်းပြင်​တွေ​အောက်မှာ ၃၁ မိုင် (၅၀ ကီလီ​မီတာ) နီးပါး​ရှိတဲ့ ဒေ​တာ​ကြိုးတွေ​ကို တပ်ဆင်​ထားပါ​တယ်။ အဆင့်​တွေ​လုပ်ပြီး ကြမ်းခင်း​လုပ်​ထားတဲ့​အတွက် နောက်နောင် ရုံးခန်း​တွေ ဖွဲ့​တဲ့အခါ အလုပ်​သိပ်​မ​ရှုပ်​တော့​ဘူး။

ဒီဇင်ဘာ ၂၆၊ ၂၀၁၈—လူနေ​ဆောင် A

လုပ်သား​တစ်ဦး ငြ​မ်း​ပေါ်ကနေ ပြုတ်ကျ​သွားပြီး အသက်ကယ်​ကြိုး​နဲ့ တွဲလောင်း​ဖြစ်နေတာကို ဘယ်လို​ကယ်ထုတ်​မယ်​ဆိုတာ အရေးပေါ်​အဖွဲ့​လုပ်သားတွေ အစမ်း လေ့ကျင့်​နေကြစဉ်။

ဇန်နဝါရီ ၈၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ

အဆောက်အအုံ အပြင်ဘက်​အလုပ် အဖွဲ့သား​တစ်ယောက်က လူ​သွား​လမ်း မ​ခင်း​ခင် သတ်မှတ်​ထားတဲ့ အမြင့်​အနေအထား​ဖြစ်ဖို့ ပြင်ဆင်​နေစဉ်။ လူ​သွား​လမ်းတစ်လျှောက်​မှာ ဒေသခံ​အပင် (hornbeam) တွေ​စိုက်​ဖို့ မြေ​တူး​စက်​ငယ်​နဲ့ ကျင်း​တွေ တူး​ထားပါ​တယ်။

ဇန်နဝါရီ ၉၊ ၂၀၁၉—ထုတ်လုပ်ရေး အဆောက်အအုံ​များ

အပေါ်​စီး​မြင်ကွင်း။ နေ​ရောင်ခြည်​ကနေ လျှပ်စစ်ဓာတ် ထုတ်လုပ်ဖို့ ရုံးခန်း​အဆောက်အအုံ အပါအဝင် ထုတ်လုပ်ရေး အဆောက်အအုံ နှစ်ခုစလုံး​ရဲ့ ခေါင်မိုး​မှာ ဆို​လာ​ပြား​တွေ ထပ်​ဆင်​ထားပါ​တယ်။

ဇန်နဝါရီ ၁၇၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ

အချော​သတ်​အဖွဲ့ လုပ်သား​တစ်ယောက်က တတိယ​ထပ် ဧည့်​ခန်း​မှာ ကြွေပြား​တွေ တပ်ဆင်​နေစဉ်။ ကြွေပြား​တွေ​အောက်မှာ ခင်း​ထားတဲ့ လိမ္မော်​ရော​င် အလွာ​က ကြွေး​ပြား​တွေ​နဲ့ အောက်ခံ​အလွာ​ကို ခွဲခြား​ထား​ပေးပြီး တကယ်လို့ အောက်ခံ​အလွာ ရွေ့သွား​တဲ့အခါ အက်ကွဲ​ခြင်း​မဖြစ်အောင် ကာကွယ်​ပေးတယ်။

ဇန်နဝါရီ ၂၁၊ ၂၀၁၉—ပင်မ ပံ့ပိုး​ရေး လုပ်ငန်းခွင်

ယာယီ​ထမင်းစားခန်း​မှာ လုပ်သားတွေ​ဟာ နေ့လယ်​စာ​ယူပြီး စားသောက်​နေကြစဉ်။ ဒီ​ထမင်းစားခန်း​မှာ သုံး​ဆိုင်း​ခွဲ​ပြီး ကျွေး​တဲ့​အတွက် နေ့တိုင်း လူ​တစ်ထောင်​နီးပါး​စာ အစားအသောက် ပြင်ဆင်​ပေး​ရတယ်။

ဇန်နဝါရီ ၃၀၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ

ရုံးခန်း​အဆောက်အအုံ အနောက်ဘက်​က ပစ္စည်းတွေကို အမှိုက်​ကား​နဲ့ ရွှေ့​နေစဉ်။ ညာဘက်​က ထမင်းစားခန်း​နဲ့ အစည်းအဝေး​ခန်းမ​စင်္ကြံ​မှာ ဆောင်း​ရာသီ အလင်း​ရစေဖို့ လေ၊ အလင်း​ဝင်နိုင်အောင် ဖွင့်​နိုင်​ပိတ်​နိုင်တဲ့ တရုတ်​ကတ်​မှန်​တွေ တပ်ဆင်​ထားပါ​တယ်။

ဇန်နဝါရီ ၃၀၊ ၂၀၁၉—ရုံးခန်း အဆောက်​အုံ

အချော​သတ်​အဖွဲ့ရဲ့ ကော်ဇော​ခင်း​တဲ့​အလုပ်ကို နေ့​ပိုင်း​လုပ်အားပေး​အစီအစဉ်​က လုပ်သား​နှစ်ယောက် ကူညီ​ပေးနေစဉ်။ အဲဒီ​အစီအစဉ်​က​တစ်ဆင့် ဗြိတိန်နဲ့ အိုင်ယာလန်​နိုင်ငံ​တစ်​ဝှမ်း​က ယေဟောဝါ​သက်သေ အသင်းတော်တွေကို တစ်ရက် စေတနာ့​ဝန်ထမ်း ကူညီ​ပေးဖို့ ဖိတ်ခေါ်ခဲ့​တယ်။ ဖေဖော်ဝါရီ​လ​ကုန်ပိုင်း​မှာ ဒီ​နည်းနဲ့ လာရောက်​ကူညီပေး​သူ ၅,၅၀၀ ကျော်​ရှိတယ်။

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

အဆောက်အအုံ​အလယ် အခန်း​ကန့်​လိုက်တဲ့ နံရံ​မြင့်​ကြီး​ကို လုပ်သားတွေ တည်ဆောက်​နေကြစဉ်။ ကြမ်းပြင်​မှာ​ချ​ထားတဲ့ လိမ္မော်​ရော​င် အဆီးအတား​တွေ​က နှိမ့်​နိုင်​မြှင့်​နိုင်တဲ့ ဆစ်​ဆာ​လ​စ်​စက်​တွေ အလုပ်လုပ်တဲ့​အခါ ဘေးကင်း​စေဖို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ

ဧည့်ကြို​ဌာန​နေရာမှာ အဆင့်​တွေ​လုပ်ပြီး ကြမ်းပြင်​တပ်ဆင်​မယ့်​နေရာကို လုပ်သားတွေ သန့်ရှင်းရေး လုပ်​နေကြစဉ်။