မာတိကာဆီ ကျော်သွား

ထိန်းသိမ်း​ခံ​ထား​ရသူများကို ကူညီ​ပေးမှု​ကြောင့် ယေဟောဝါ​သက်သေ​များ ဂုဏ်ပြု​ခံရ

ထိန်းသိမ်း​ခံ​ထား​ရသူများကို ကူညီ​ပေးမှု​ကြောင့် ယေဟောဝါ​သက်သေ​များ ဂုဏ်ပြု​ခံရ

ဩစတြေးလျ​နိုင်ငံရဲ့ အကြီးဆုံး လူ​ဝင်​မှု​ကြီးကြပ်ရေး ယာယီ​ထိန်းသိမ်းရေး​စခန်း​မှာ ရှိသူတွေကို “ထူးခြားသော ဝန်ဆောင်မှု” ပေးလို့ ယေဟောဝါ​သက်သေ ကိုးယောက် ဂုဏ်ပြု​လက်မှတ် ချီးမြှင့်​ခံရတယ်။ ဩစတြေးလျ အနောက်ပိုင်း ဒါ​ဘီ​မြို့အနီး၊ ကာ​တင် လူ​ဝင်​မှု​ကြီးကြပ်ရေး ယာယီ​ထိန်းသိမ်းရေး​စခန်း​က ယေဟောဝါ​သက်သေတွေကို ချီးမြှင့်​ဂုဏ်ပြုတာ​ပါ။ *

ယေဟောဝါသက်သေတွေ​က ထိန်းသိမ်း​ခံရသူတွေ​ဆီ အပတ်​တိုင်း လည်ပတ်​ပြီး သူတို့ ပြောပြတာကို နားထောင်ပေး​ကြတယ်။ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ရှိစေတဲ့ ကျမ်းစာ​သတင်းစကားကို ဝေမျှပေး​ကြတယ်။ “ထိန်းသိမ်း​ခံရသူတွေ​ဆီ လည်ပတ်​တဲ့ အကျိုးကျေးဇူး​ကို ချက်ချင်း မြင်တွေ့​ရတယ်” ဆိုပြီး စခန်း​ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု ဆက်ဆံရေး အရာရှိ ခရစ္စတိုဖာ ရ​စ်​ဒေါ့ ပြောတယ်။ ထိန်းသိမ်း​ခံရသူတွေ​ရဲ့ စိတ်ထား ပြောင်းလဲ​လာတယ်။ ပို​ပျော်​လာကြတယ်။ “သူတို့ကို အမှန်တကယ် စိတ်ဝင်စား​သူတွေ ရှိသေး​ပါလား​လို့ သိရလို့” သူတို့ကို ချီးမြှင့်​ဂုဏ်ပြုတာ​ပါ။

ယေဟောဝါ​သက်သေတွေကို ဂုဏ်ပြု​လက်မှတ် ချီးမြှင့်​တာ​က ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ အသေးအဖွဲ လုပ်ရပ်​ပါ။ “ကျွန်တော်တို့ စောင့်ရှောက်​ပေးနေ​ရသူတွေ​ရဲ့ ဘဝ​တွေ တိုးတက်​ကောင်းမွန်​အောင်” လုပ်ပေး​ကြတယ်လို့ မစ္စတာ ရ​စ်​ဒေါ့​က ပြောတယ်။ ဒါ့အပြင် ယေဟောဝါ​သက်သေတွေဟာ “မိသားစု၊ အသင်းတော်၊ ကိုးကွယ်​ယုံကြည်မှု​အတွက် ချီးမွမ်း​ဂုဏ်ယူ​စ​ရာ​ပါ” လို့ ပြော​သေးတယ်။

^ အပိုဒ်၊ 2 ဒီ​စခန်း​မှာ လူ ၁,၅၀၀ အထိ ထားလို့​ရတယ်။