မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက သူတို့ပဲ ကယ်တင်ခြင်းရမယ်လို့ ယူဆပါသလား။

ယေဟောဝါသက်သေတွေက သူတို့ပဲ ကယ်တင်ခြင်းရမယ်လို့ ယူဆပါသလား။

 မယူဆပါဘူး။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက အသက်ရှင်ခဲ့တဲ့သူတွေနဲ့ ယေဟောဝါသက်သေ မဟုတ်ခဲ့တဲ့သူတွေ ကယ်တင်ခြင်းရဖို့ အခွင့်အရေးရကြမှာ ဖြစ်တယ်။ ဘုရားသခင် ကတိပြုထားတဲ့ ကမ္ဘာသစ်မှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်” မယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (တမန်တော် ၂၄:၁၅) ဘုရားသခင့်အလိုတော်ကို မဆောင်ဖြစ်သေးတဲ့ လက်ရှိအသက်ရှင်သူများစွာကလည်း ကယ်တင်ခြင်းရရှိပါလိမ့်မယ်။ တကယ်တော့ ဘယ်သူ ကယ်တင်ခြင်းရမယ်၊ ဘယ်သူကတော့ မရဘူးဆိုတာကို ဆုံးဖြတ်တာက ကျွန်ုပ်တို့ တာဝန်မဟုတ်ပါဘူး။ ခရစ်တော်ယေရှုပဲ အဲဒီတာဝန်ကို ယူမှာဖြစ်ပါတယ်။—ယောဟန် ၅:၂၂၊ ၂၇