မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေဟာ ဆေးကုသမှုကို လက်ခံသလား

ယေဟောဝါသက်သေတွေဟာ ဆေးကုသမှုကို လက်ခံသလား

 လက်ခံပါတယ်။ ယေဟောဝါသက်သေတွေဟာ ဆေးဝါးတွေနဲ့ ဆေးကုသမှုတွေကို လက်ခံပါတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို ကြိုးစားဂရုစိုက်ကြပေမဲ့ တစ်ခါတလေ “ဆရာဝန်” တွေရဲ့ အကူအညီ လိုအပ်ပါတယ်။ (လုကာ ၅:၃၁ခမ) ပထမရာစုက ခရစ်ယာန်ဖြစ်သူ လုကာဟာ ဆရာဝန်ဖြစ်သလို အခုခေတ် ယေဟောဝါသက်သေတချို့ဟာ ဆရာဝန်တွေ ဖြစ်ကြတယ်။—ကောလောသဲ ၄:၁၄

 ဒါပေမဲ့ သမ္မာကျမ်းစာမူတွေနဲ့ မကိုက်ညီတဲ့ ကုသမှုတွေကိုတော့ ကျွန်ုပ်တို့ လက်မခံပါဘူး။ ဥပမာ၊ သွေးသွင်းတာကို ကျွန်ုပ်တို့ လက်မခံကြဘူး။ အကြောင်းက သမ္မာကျမ်းစာမှာ တားမြစ်ထားတဲ့အတွက်ဖြစ်တယ်။ (တမန်တော် ၁၅:၂၀) အဲဒီလိုပါပဲ၊ ဂမ္ဘီရပညာ (နတ်ဝိဇ္ဇာပညာ) နဲ့ပတ်သက်နေတဲ့ ဆေးကုသမှုတွေကိုလည်း ကျမ်းစာမှာ တားမြစ်ထားတယ်။—ဂလာတိ ၅:၁၉–၂၁

 ဒါပေမဲ့ ဆေးကုသမှု အများစုကတော့ သမ္မာကျမ်းစာမူတွေနဲ့ မဆန့်ကျင်ပါဘူး။ အဲဒီလိုမျိုးကုသမှုတွေကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်။ ဆေးဝါးတစ်ခု ဒါမှမဟုတ် ဆေးကုသမှုတစ်ခုကို သက်သေခံတစ်ဦး လက်ခံပေမဲ့ နောက်တစ်ဦးက လက်ခံချင်မှ လက်ခံမှာဖြစ်တယ်။—ဂလာတိ ၆:၅