မာတိကာဆီ ကျော်သွား

တောင်ကိုရီးယားဒေသနှစ်ခုမှာ တောမီး အကြီးအကျယ် လောင်ကျွမ်းပြီး အပျက်အစီး များပြား

မတ် ၁၅၊ ၂၀၂၂
တောင်ကိုရီးယား

တောင်ကိုရီးယား ဒေသနှစ်ခုမှာ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှု များပြား

တောင်ကိုရီးယား ဒေသနှစ်ခုမှာ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှု များပြား

၂၀၂၂၊ မတ် ၄ ရက်ကစပြီး တောမီးလောင်ကျွမ်းမှုကြောင့် သစ်တော ဧကပေါင်း ၅၉,၂၈၈ (ဟက်တာ ၂၃,၉၉၃) ခန့် မီးသင့်ပြီး လူထောင်နဲ့ချီ ဘေးကင်းရာဆီ ရွှေ့ပြောင်းကြရတယ်။ တောင်ကိုရီးယားသမိုင်းမှာ အဆိုးရွားဆုံး ဒီတောမီးကြောင့် အပျက်အစီး အလွန်များပြားခဲ့တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၄၄ ယောက် ဘေးကင်းရာကို ရွှေ့ပြောင်းကြရ

  • အိမ် ၁ လုံး ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • မီးဘေးသင့် ကြေညာသူတွေက ဘေးကင်းရာဒေသမှာ နေတဲ့ ဆွေမျိုးတွေနဲ့ သက်သေခံတွေဆီ ခေတ္တ သွားနေထိုင်ကြ

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက လိုအပ်တဲ့ အကူအညီတွေ ပေးနေ

  • ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်နေကြ

အခုလို အခက်ကြုံတဲ့ကာလမှာ မိတ်ဆွေစစ်အဖြစ် ညီအစ်ကို/မတွေရဲ့ ကူညီထောက်မမှုတွေကို ယေဟောဝါဘုရား ကောင်းချီး ပေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။—ပညာအလိမ္မာ ၁၇:၁၇