မာတိကာဆီ ကျော်သွား

ပြုပြင်မွမ်းမံမှု ပြီးနောက် မြင်တွေ့ရမယ့် အင်ဂိုလာက လေးထပ် အဆောက်အအုံ ပုံကြမ်း

၂၀၂၂၊ ဧပြီ ၂၅
အင်ဂိုလာ

အင်ဂိုလာဌာနခွဲ တိုးချဲ့ အဆောက်အအုံ ပြုပြင်မွမ်းမံခြင်း

အင်ဂိုလာဌာနခွဲ တိုးချဲ့ အဆောက်အအုံ ပြုပြင်မွမ်းမံခြင်း

အင်ဂိုလာဌာနခွဲအတွက် လူနေခန်းတွေနဲ့ ရုံးခန်းတွေ ပါဝင်မယ့် လေးထပ် အဆောက်အအုံကို ၂၀၂၂၊ ဇွန်မှာ စတင်ပြုပြင်မွမ်းမံဖို့ စီစဉ်ထားတယ်။ လောလောဆယ် ဗေသလအိမ်သား ၂၀၇ ယောက်အတွက် ၂၀၀၃ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဗေသလ အဆောက်အအုံမှာ နေရာ မလုံလောက်ဘူး။

နေရာ မလုံလောက်တဲ့အတွက် ဗေသလအိမ်သားတချို့ဟာ ငှားရမ်းထားတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြရတယ်။ ၂၀၂၁၊ ဒီဇင်ဘာမှာ လက်ရှိ ဌာနခွဲနဲ့ မလှမ်းမကမ်းက အဆောက်အုံတစ်ခုကို ညီအစ်ကိုတွေ ဝယ်ယူခဲ့တယ်။

ပြန်ပြုပြင်မယ့် အဆောက်အအုံမှာ အခန်း ၅၇ ခန်းနဲ့ ရုံးခန်း ၆၀ ပါဝင်မယ်။ အခန်းတွေမှာ ရုံးခန်းတွေလည်း ပါဝင်မယ်။ တချို့ရုံးခန်းတွေကို အခန်းဖွဲ့ပြီး တချို့ကိုတော့ အခန်းမဖွဲ့ဘဲ အလွတ်ထားမယ်။ အစည်းအဝေးခန်းတွေ၊ ဘက်စုံသုံး အခန်းတွေလည်း ပါဝင်မယ်။ ရုံးခန်းနေရာတွေက နံရံတွေဟာ ဖြုတ်ရ၊ တပ်ရ လွယ်တဲ့ နံရံအရှင်တွေ ဖြစ်မယ်။

ငှားရမ်းထားတဲ့ အဆောက်အအုံမှာ နေထိုင်နေတဲ့ ဗေသလအိမ်သားတွေဟာ ၂၀၂၄၊ ဖေဖော်ဝါရီမှာ အဆောက်အအုံသစ်ဆီ ပြောင်းရွှေ့နေထိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အင်ဂိုလာ ဌာနခွဲကော်မတီဝင် ညီအစ်ကို ဆယ်မြူရယ်လ် ကမ်းပို့စ်က “နေရာ အကန့်အသတ်ပဲ ရှိတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆုတောင်းနေတာ။ အခု၊ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေး ဌာနနဲ့ တွဲလုပ်နေပြီ။ ဒီအဆောက်အုံကို ဝယ်ယူနိုင်တာ၊ စပြုပြင်မွမ်းမံနိုင်တာတွေဟာ ဆုတောင်းချက်ရဲ့ အဖြေပါပဲ။”

အင်ဂိုလာမှာ ကြေညာသူ ၁၆၀,၀၀၀ ကျော်ရှိတယ်။ မနှစ်က သတိရအောက်မေ့ပွဲကို လူပေါင်း ၄၀၀,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။ ကြေညာသူတွေ ကျမ်းစာသင်အံမှု ၂၀၀,၀၀၀ ကျော် ကျင်းပနေတယ်။ နိုင်ငံတော်လုပ်ငန်းကို ဆက်တိုးတက်စေမယ့် ဒီဌာနခွဲ အဆောက်အအုံသစ် ပြုပြင်မွမ်းမံခြင်းကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။—၁ ရာဇဝင်ချုပ် ၂၉:၁၆