မာတိကာဆီ ကျော်သွား

အီတလီနိုင်ငံ၊ စစ္စလီကျွန်းမှာ တောမီးလောင်နေ။ အတွင်းပုံ– အီတလီမြောက်ပိုင်းမှာ ကြွေကျခဲ့တဲ့ မိုးသီးကြီးတွေ

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄ ရက်
အီတလီ

အီတလီနိုင်ငံမြောက်ပိုင်းနဲ့ စစ္စလီကျွန်းမှာ ရာသီဥတုဆိုးရွား

အီတလီနိုင်ငံမြောက်ပိုင်းနဲ့ စစ္စလီကျွန်းမှာ ရာသီဥတုဆိုးရွား

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂ ကနေ ၂၆ အတွင်း အီတလီနိုင်ငံမှာ ရာသီဥတု ဆိုးရွားမှုကြောင့် သဘာဝဘေးနှစ်ခု ဖြစ်ပွားခဲ့တယ်။ အီတလီမြောက်ပိုင်းမှာ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး အချင်း ၇ လက်မအရွယ် မိုးသီးတွေ ကြွေလို့ အပျက်အစီးများတယ်။ စစ္စလီကျွန်းမှာလည်း အကြိမ် ၃၃၀ တောမီးလောင်ခဲ့လို့ ကျွန်းရဲ့ဒေသ အတော်များများ ထိခိုက်ပျက်စီးသွားတယ်။ မီးကူးတာ တအားမြန်ရတဲ့အကြောင်းရင်းက စံချိန်တင် အပူချိန် ၄၇ ဒီကရီ ဆဲလ်စီယပ် အထိ ရောက်ခဲ့လို့ပါ။ အဆောက်အအုံများစွာ ပျက်စီးပြီး လူရာနဲ့ချီ လျှပ်စစ်မီးပြတ်လပ်သွားတယ်။ လူထောင်နဲ့ချီ နေအိမ်စွန့်ခွာထွက်ပြေးပြီး လူငါးဦး သေဆုံးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

မိုးသီးကြွေပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့ အီတလီမြောက်ပိုင်း မှာ

  • ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ညီအစ်ကို ၂ ယောက် ထိခိုက်ဒဏ်ရာရ

  • အိမ် ၃၆ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၂၄၂ လုံး အနည်းငယ် ထိခိုက်ပျက်စီး

  • ဝတ်ပြုရာခန်းမ ၁ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၁၂ လုံး အနည်းငယ် ပျက်စီး

တောမီးလောင်ခဲ့တဲ့ စစ္စလီကျွန်းမှာ

  • ဝမ်းနည်းစရာက အိမ် ရုတ်တရက် မီးကူးခံရလို့ မောင်နှံတစ်စုံ အသက်ဆုံးရှုံး

  • ညီအစ်ကို/မ ၄၈ ယောက် နေအိမ်စွန့်ခွာထွက်ပြေး

  • ဝတ်ပြုရာခန်းမ၊ အဆောက်အအုံတစ်ခုမှ ထိခိုက်ပျက်စီးမှု မရှိ

ကယ်ဆယ်ရေး လုပ်ငန်း

  • စစ္စလီကျွန်း တောမီးနဲ့ အီတလီတောင်ပိုင်းက မိုးသီးမုန်တိုင်းကြောင့် ထိခိုက်သူတွေကို တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံအကြီးအကဲတွေက လိုအပ်ရာတွေ ထောက်ပံ့ပေးပြီး ကျမ်းစာနဲ့ အားပေးနှစ်သိမ့်

  • စစ္စလီကျွန်းမှာ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ ကယ်ဆယ်ရေးကော်မတီ ၁ ခု ဖွဲ့စည်း

စစ္စလီကျွန်းက ညီအစ်ကို/မတွေအကြောင်း ကြားရတာ တကယ်စိတ်မကောင်းပါဘူး။ ဒီသဘာဝဘေးတွေကြောင့် ထိခိုက်သွားသူအားလုံးအတွက် ဆုတောင်းပေးနေပါတယ်။ ဒုက္ခဆင်းရဲမှန်သမျှကို ယေဟောဝါဘုရား မကြာခင် ဖယ်ရှားပေးတော့မယ့်နေ့ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဗျာဒိတ် ၂၁:၄