မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ မြေပုံ

သမ္မာကျမ်းစာ မြေပုံ

‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ စာစောင်ဟာ ကျမ်းစာလေ့လာမှုကို ပိုအသက်ဝင်စေမယ့် သမ္မာကျမ်းစာ မြေပုံ ဖြစ်ပါတယ်။ ကျမ်းစာမှာ နေရာဒေသ၊ မြို့၊ နယ်မြေများစွာကို ဖော်ပြထားတယ်။ ဒီမြေပုံက ကျမ်းစာကို ဖတ်ရှုလေ့လာရာမှာ ပိုအသက်ဝင်လာအောင် အထောက်အကူ ပြုပါလိမ့်မယ်။ ‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ စာစောင်က ကျမ်းမှတ်တမ်းတွေ ဖြစ်ပျက်ခဲ့တဲ့ နေရာကို သိစေတယ်။ ပထဝီ မြေအနေအထားက ကျမ်းစာအဖြစ်အပျက်တွေအပေါ် ဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာကိုလည်း သိစေတယ်။

‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ စာစောင်မှာ ကျမ်းစာပါ နယ်မြေဒေသတွေကို ရောင်စုံ မြေပုံတွေ၊ ဇယားတွေနဲ့ ဖော်ပြထားတယ်။ မြေပုံကန့်လန့်ဖြတ်ပုံတွေ၊ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ပုံတွေ၊ တခြား အသွင်အပြင်တွေက ကျမ်းစာလေ့လာမှုကို များစွာ အထောက်အကူပြုတယ်။

ဒီသမ္မာကျမ်းစာ မြေပုံကနေ အောက်ပါတို့ကို သိရှိရပါမယ်။

  • အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ရဲ့ ခရီးစဉ်များ

  • အီဂျစ်ပြည်ကနေ ကတိထားရာပြည်ကို သွားခဲ့တဲ့ အစ္စရေးလူမျိုးရဲ့ လမ်းကြောင်း

  • အစ္စရေးတွေနဲ့ ရန်သူလူမျိုးတွေရဲ့ နေရာများ

  • ယေရှု အမှုဆောင်ချိန် သွားလာခဲ့တဲ့ နေရာများ

  • ဗာဗုလုန်၊ ဂရိ၊ ရောမ အပါအဝင် ကျမ်းစာမှာ ဖော်ပြထားတဲ့ အင်ပါယာတွေ အုပ်စိုးခဲ့တဲ့ နေရာများ

ဒီသမ္မာကျမ်းစာမြေပုံကို အွန်လိုင်းကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။