မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LANGUAGE

မေးတတ်တဲ့ မေးခွန်းများ​—JW Language (iOS)

မေးတတ်တဲ့ မေးခွန်းများ​—JW Language (iOS)

ထိုင်းလိုမျိုး ဘာသာစကားတချို့မှာ သရသင်္ကေတတွေ၊ အသံပြောင်းသင်္ကေတတွေ ပါတယ်။ အဲဒီလိုဘာသာစကားတွေမှာ iOS က အမြဲတမ်းတော့ မှန်မှန်ကန်ကန် မဖော်ပြပေးနိုင်ပါ။

 

JW Language ကို အောက်ပါ စက်အမျိုးအစားတွေမှာ အသုံးပြုနိုင်ပါတယ်-

  • iOS ၁၂.၀ နဲ့ နောက်ပိုင်းထုတ်ကို သုံးတဲ့ iPhones, iPads, iPods

အောက်ပါစက်တွေအတွက် အထောက်အကူပေးဖို့ အစီအစဉ် မရှိပါ-

  • iOS ၁၁ နဲ့ အစောပိုင်းထုတ်ကို သုံးတဲ့ iPhones, iPads, iPods

 

  • JW Language အရင်ဗားရှင်းတုန်းက သင့်ရဲ့ ဖုန်းခေါ်သံကို ပိတ်ထားချိန်မှာ အသံဖိုင်ကို မကြားနိုင်ပါ။ ကျေးဇူးပြု၍ JW Language ကို နောက်ဆုံးဗားရှင်းဖြစ်အောင် update လုပ်ပါ။

  • ဒီ app ကို သုံးနေချိန်အတွင်း အသံကို ပိတ်ထားမထား စစ်ဆေးကြည့်ပါ။ ပိတ်ထားရင် ဖွင့်ပါ။

  • သင့်စက်ရဲ့ အသံကို ဖွင့်ထားကြောင်း သေချာစေပါ။

 

ပင်မစာမျက်နှာက မီနူးဘားတန်းမှာရှိတဲ့ ချိန်ညှိပါ ကိုနှိပ်ပြီး ပုံသေနှုန်း ဘေးမှာရှိတဲ့ သင်္ကေတကို နှိပ်ပါ။ အသံမြန်နှုန်း သုံးခုရှိပြီး ကိုယ်နှစ်သက်ရာ ပြောင်းနိုင်တယ်။

 

သဒ္ဒါအသွင်အပြင်မှာ အသံထွက်ပေးတဲ့စာသား (TTS) ကို အသုံးပြုထားတယ်။ iOS မှာ အသံထွက်ပေးတဲ့စာသား (TTS) အတွက် အသံအရည်အသွေးကို နိမ့်ထားတယ်။ TTS အတွက် အသံအရည်အသွေး ပိုကောင်းတာကို ကူးယူနိုင်တယ်။ သင့်စက်ရဲ့ ဆက်တင်မှာ General > Accessibility > VoiceOver > Speech ကိုသွားပါ။ ပိုသိချင်ရင် https://support.apple.com/en-us/HT202362 ကိုဝင်ကြည့်ပါ။

 

အဓိကဘာသာစကားက သင်သိထားပြီးသား ဘာသာစကားဖြစ်တယ်။ setup လုပ်တဲ့အခါ အဓိကဘာသာစကား ကိုနှိပ်ပြီး သင့်ရဲ့ အဓိကဘာသာစကားကို ရွေးပါ။

ဒါကိုလည်းကြည့်ပါ- အဓိကဘာသာစကားကို ဘယ်လိုပြောင်းရမလဲ။

 

Main menu မှာရှိတဲ့ ချိန်ညှိဇယား ကိုနှိပ်ပါ။ မိခင်ဘာသာစကား ပြောင်းနိုင်တဲ့ နေရာကနေ ဘာသာစကားကို ပြောင်းပါ။

 

သင်ယူချင်တဲ့ ဘာသာစကားကို JW Language သင့်စက်ထဲ စထည့်ကတည်းက ရွေးနိုင်ပါတယ်။

ဒါကိုလည်း ကြည့်ပါ- သင်ယူမယ့် ဘာသာစကားကို ဘယ်လို ပြောင်းနိုင်သလဲ။

 

ဘာသာစကား ရွေးချယ်နိုင်တဲ့နေရာကနေ သင်ယူချင်တဲ့ နောက်ဘာသာစကားကို ရွေးပါ။

ဒါကိုလည်း ကြည့်ပါ- သင်ယူချင်တဲ့ ဘာသာစကားကို တစ်ခုထက်မက ယူလို့ရသလား။

 

ရပါတယ်။ သင်ယူချင်တဲ့ ဘာသာစကားတွေကို ကူးယူထားလို့ ရပါတယ်။ ဘာသာစကား ရွေးချယ်နိုင်တဲ့ ခလုတ်ကိုနှိပ်ပြီး နောက်ထပ် သင်ယူချင်တဲ့ ဘာသာစကားကို ရွေးပါ။

ဒါကိုလည်း ကြည့်ပါ- သင်ယူမယ့်ဘာသာစကားကို ဘယ်လို ပြောင်းနိုင်သလဲ။

 

စကားလုံး၊ စကားစု၊ ရုပ်ပုံ ဘေးက menu ကိုနှိပ်ပြီး စုဆောင်းထားရာများမှာ သိမ်းပါ ကိုနှိပ်ပါ။ အသစ်တစ်ခု ဖန်တီးချင်ရင် စုဆောင်းထားရာ အသစ်ကို ဖန်တီးပါ ကိုနှိပ်ပြီး နာမည်တပ်ပါ။ အင်တာနက်နဲ့ ချိတ်ဆက်ထားချိန်အတွင်း စကားစုတွေကို စုဆောင်းထားရာများမှာ သိမ်းထားမယ်ဆိုရင် အသံဖိုင်ကိုလည်း အလိုအလျောက် ကူးယူပေးမှာဖြစ်တဲ့အတွက် အင်တာနက်ပိတ်ထားချိန်မှာလည်း အသုံးပြုနိုင်တယ်။

 

စုဆောင်းထားရာများ ထဲမှာရှိတဲ့ တစ်ခုခုကို ကူးယူ ဒါမှမဟုတ် ဖယ်ရှားဖို့ အဲဒီတစ်ခုရဲ့ ဘေးက menu ကိုနှိပ်ပါ။ စုဆောင်းထားရာများမှာ ရှိနေတဲ့ အရာတွေကို ပြန်နေရာစီချင်တယ်ဆိုရင် အဲဒီတစ်ခုကို ဖိထားပြီး အပေါ်/အောက် ဆွဲတင်ပြီး စီနိုင်ပါတယ်။

 

စုဆောင်းထားရာတစ်ခုမှာ လုပ်ဆောင်စရာများ စာရင်းကို ကြည့်ချင်တယ်ဆိုရင် လုပ်ဆောင်မှုစတင် ခလုတ်ကို နှိပ်ပါ-

  • ကြည့်ပါ- သင် မြင်တဲ့အရာနဲ့ ကိုက်ညီတဲ့ ဘာသာပြန်ချက်ကို ရွေးပါ

  • ကိုက်ညီရာ- ရုပ်ပုံနဲ့ကိုက်ညီတဲ့စာ ဒါမှမဟုတ် စာနဲ့ကိုက်ညီတဲ့ ရုပ်ပုံကို ရွေးပါ

  • နားထောင်ပါ- သင် ကြားတဲ့အရာနဲ့ ကိုက်ညီတဲ့ ဘာသာပြန်ချက်ကို ရွေးပါ

  • ကတ်ပြား ကစားနည်း- အဖြေမှန်ကို မနှိပ်ခင် စကားစုရဲ့ အဖြေကို မှန်းဆပါ။ အသံဖွင့်နှုန်း ရွေးနိုင်တဲ့ ခလုတ်ကိုသုံးပြီး မြန်နှုန်းကို ချိန်ညှိနိုင်ပါတယ်။ အသံဖိုင်ကို ဖွင့်ချင်/ပိတ်ချင်ရင် အသံခလုတ်ကို နှိပ်ပါ။

  • အသံဖိုင် သင်ခန်းစာများ- စုထားတဲ့ စကားစုတွေကို နားထောင်ပါ။ Edit ခလုတ်ကိုနှိပ်ပြီး သင်စီချင်တဲ့ အစဉ်အလိုက်အတိုင်း ပြန်စီနိုင်ပါတယ်။

 

ရပါတယ်။ main menu မှာရှိတဲ့ ချိန်ညှိဇယား ကိုနှိပ်ပြီး အသံလှယ်ထားတာကိုပြပါ ခလုတ်ကို ပိတ်လိုက်နိုင်ပါတယ်။

 

အင်တာနက် မဖွင့်ထားရင်တောင် ပါဝင်ရာတွေ ပေါ်နေမှာဖြစ်တယ်။ အင်တာနက်ဖွင့်ထားချိန်မှာ အသံထွက်ကို တိုက်ရိုက်နားထောင်ဖို့ စကားစုတစ်ခုကို နှိပ်ပါ။ အင်တာနက် ပိတ်ထားချိန်မှာ အသုံးပြုဖို့ အသံဖိုင်၊ ဗီဒီယိုဖိုင်ကို ကူးယူထားချင်ရင် ကူးယူပါ ခလုတ်ကို နှိပ်ပါ။ သင်ယူချင်တဲ့ ဘာသာစကားနဲ့ ပါဝင်ရာအားလုံးရဲ့ အသံဖိုင်၊ ဗီဒီယိုဖိုင်ကို ကူးယူထားချင်ရင် ဘာသာစကား ရွေးချယ်နိုင်တဲ့ ခလုတ်ကို နှိပ်ပြီး သင်ယူချင်တဲ့ ဘာသာစကားဘေးက အားလုံး ကူးယူ ကိုနှိပ်ပါ။

 

ရပါတယ်။ သင် စုဆောင်းထားတာတွေနဲ့ သုံးခဲ့ရာတွေအတွက် Back Up လုပ်လို့ရပါတယ်။ ချိန်ညှိဇယား ကနေ Back Up နဲ့ ပြန်လည်ထည့်သွင်း အပိုင်းကိုရွေးပါ။ အရန်သိမ်းထားတဲ့ဖိုင် ရှိတယ်ဆိုရင် သင် စုဆောင်ထားရာများနဲ့ သုံးခဲ့ရာများကို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြန်လည်ထည့်သွင်း လို့ရပါတယ်။ သင်စုဆောင်းထားရာများကို စက်ထဲက စုဆောင်းထားရာများနဲ့ နာမည်တူ ပေးထားမယ်ဆိုရင် ရှိနေတဲ့ဖိုင်ကို အစားထိုးလိုက်ပါလိမ့်မယ်။

 

JW Language ကောင်းကောင်းသုံးတတ်တဲ့ မိတ်ဆွေတစ်ဦးကို အကူအညီတောင်းခံနိုင်တယ်။ ဒါမှမဟုတ် နီးစပ်ရာဌာနခွဲရုံးကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်။