မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ

ကျမ်းစာမှာ ဒီနေ့ခေတ် ကျွန်တော်တို့အတွက် ဘုရားသခင့် တရားစကားတွေ ပါရှိတယ်။ ဘဝမှာ အောင်မြင်စွာ အသက်ရှင်နေထိုင်နည်း၊ ဘုရားမျက်နှာသာရနည်းတို့ကို ဖော်ပြပေးတယ်။ အောက်ပါမေးခွန်းတွေကိုလည်း အဖြေပေးထားတယ်–

  1. ၁။ ဘုရားသခင် ဘယ်သူလဲ

  2. ၂။ ဘုရားသခင်အကြောင်း ဘယ်လို သင်ယူနိုင်သလဲ

  3. ၃။ ကျမ်းစာကို ဘယ်သူရေးတာလဲ

  4. ၄။ ကျမ်းစာဟာ သိပ္ပံပညာနဲ့ ကိုက်ညီသလား

  5. ၅။ ကျမ်းစာရဲ့ အဓိကသတင်းစကားက ဘာလဲ

  6. ၆။ ကျမ်းစာမှာ မေရှိယအကြောင်း ဘာတွေကြိုပြောထားသလဲ

  7. ၇။ ဒီနေ့ခေတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာတွေကြိုပြောထားသလဲ

  8. ၈။ လူသားတွေ ဆင်းရဲဒုက္ခရောက်တာ ဘုရားသခင်ကြောင့်လား

  9. ၉။ လူသားတွေ ဘာကြောင့် ဆင်းရဲဒုက္ခ ခံစားရတာလဲ

  10. ၁၀။ ကျမ်းစာမှာ အနာဂတ်နဲ့ပတ်သက်တဲ့ ဘယ်ကတိတွေပါသလဲ

  11. ၁၁။ လူသေရင် ဘာဖြစ်သွားသလဲ

  12. ၁၂။ သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

  13. ၁၃။ အလုပ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောသလဲ

  14. ၁၄။ ငွေရေးကြေးရေး ပြဿနာကို ဘယ်လိုရှောင်ရှားနိုင်သလဲ

  15. ၁၅။ ပျော်ရွှင်မှု ဘယ်လို ရနိုင်သလဲ

  16. ၁၆။ စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

  17. ၁၇။ ကျမ်းစာက မိသားစုကို ဘယ်လိုကူညီပေးနိုင်သလဲ

  18. ၁၈။ ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ

  19. ၁၉။ ကျမ်းစောင်တွေမှာ ဘာအကြောင်းအရာတွေ ပါသလဲ

  20. ၂၀။ ကျမ်းစာဖတ်ရှုခြင်းကနေ ဘယ်လို အကျိုးအပြည့်အဝရနိုင်သလဲ

ကျမ်းချက်ရှာဖွေနည်း

ကျမ်းစာမှာ ကျမ်းစောင် ၆၆ စောင် ပါတယ်။ ဟီဘရူး-အာရမိတ်ကျမ်းစောင် (ဓမ္မဟောင်းကျမ်း) နဲ့ ဂရိကျမ်း (ဓမ္မသစ်ကျမ်း) ဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ ကျမ်းစောင်တိုင်းကို အခန်းကြီး၊ အခန်းငယ် ခွဲထားတယ်။ ကျမ်းချက်ရည်ညွှန်းတဲ့အခါ ကျမ်းစောင်နာမည်နောက်က နံပါတ်ဟာ အခန်းကြီး၊ နောက်နံပါတ်တွေဟာ အခန်းငယ်တွေ ဖြစ်တယ်။ ဥပမာ၊ ကမ္ဘာဦး ၁:၁ ဆိုရင် ကမ္ဘာဦးအခန်းကြီး ၁၊ အခန်းငယ် ၁ ကိုဆိုလိုတယ်။