မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၇

ဒီနေ့ခေတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာတွေကြိုပြောထားသလဲ

“လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ . . . အဲဒါတွေအားလုံးဟာ ဆင်းရဲဒုက္ခရဲ့ အစပဲ။”

မဿဲ ၂၄:၇၊ ၈

“ပရောဖက်အတုအယောင် အများကြီး ပေါ်လာပြီး လူတွေကို လှည့်ဖြားလိမ့်မယ်။ မတရားမှုတွေ များသည်ထက် များလာတဲ့အတွက် လူအတော်များများဟာ မေတ္တာတရား ခေါင်းပါးလာလိမ့်မယ်။”

မဿဲ ၂၄:၁၁၊ ၁၂

“ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ အဲဒီအခါ ထိတ်ထိတ်ပျာပျာ မဖြစ်ကြပါနဲ့။ အဲဒါတွေ ဖြစ်ကိုဖြစ်လာမယ်။ ဒါပေမဲ့ အဆုံးတော့ မရောက်သေးဘူး။”

မာကု ၁၃:၇

“ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။ ကြောက်လန့်စရာ မြင်ကွင်းတွေ မြင်ရလိမ့်မယ်။ ကောင်းကင်မှာ လက္ခဏာတွေ ပေါ်လာတာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်။”

လုကာ ၂၁:၁၁

“နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ် ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ  အပျော်အပါးကိုသာ နှစ်သက်သူ၊ ဘုရားတရား ကြည်ညိုဟန် ရှိပေမဲ့ တရားကို လက်တွေ့မကျင့်သူတွေ ဖြစ်ကြလိမ့်မယ်။”

၂ တိမောသေ ၃:၁-၅