မာတိကာဆီ ကျော်သွား

ဗေသလ လည်ပတ်ကြည့်ရှုမှု

ကျွန်တော်တို့ရဲ့ ဌာနခွဲရုံးတွေကို လည်ပတ်ကြည့်ရှုဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ တချို့ရုံးတွေမှာ မိမိဘာသာ လည်ပတ်ကြည့်ရှုနိုင်တဲ့ ပြခန်းတွေ ရှိတယ်။

လည်ပတ်မှုတွေ ပြန်စပြီ။ ၂၀၂၃၊ ဇွန်လ ၁ ရက်၊ နိုင်ငံတော်တော်များများမှာ ဌာနခွဲရုံး လည်ပတ်မှုတွေ ပြန်စပါပြီ။ အသေးစိတ် သိချင်ရင် ကိုယ် လည်ပတ်ချင်တဲ့ ဌာနခွဲကို ဆက်သွယ်ပါ။ စစ်ကြည့်လို့ ကိုယ့်ဆီမှာ ကိုဗစ်-၁၉ ရှိတယ်၊ အအေးမိ၊ တုပ်ကွေး လက္ခဏာ ရှိတယ်၊ ကိုဗစ်-၁၉ ရှိသူနဲ့ သိပ်မကြာခင်က ထိတွေ့ထားတယ်ဆိုရင် သွားမလည်ပါနဲ့။

အမေရိကန် ပြည်ထောင်စု

 လည်ပတ်ကြည့်ရှုမှု အချက်အလက်

ကြိုတင်စာရင်းသွင်းခြင်း—အယောက် ၂၀ ထက်နည်း

ကြိုတင်စာရင်းသွင်းခြင်း—အယောက် ၂၀ ထက်များ

ကြိုတင်စာရင်းသွင်းထားတာကို ကြည့်ပါ ဒါမှမဟုတ် ပြုပြင်ပါ

လည်ပတ်ကြည့်ရှုရေး စာစောင်ကို ကူးယူပါ—ဝေါဝစ်

လည်ပတ်ကြည့်ရှုရေး စာစောင်ကို ကူးယူပါ—ပက်တာစင်

လည်ပတ်ကြည့်ရှုရေး စာစောင်ကို ကူးယူပါ—ဝေါကီးလ်

 ပြခန်းများ

ဝေါဝစ်က ပြခန်းတွေ

ကျမ်းစာနဲ့ ဘုရားနာမတော်။ ဘုရားနာမတော်ကို ကျမ်းစာထဲကနေ ဖယ်ထုတ်ဖို့ လူတွေ ကြိုးစားတဲ့ကြားက ဘယ်လိုနည်းနဲ့ မပျောက်မပျက် တည်တံ့နေတဲ့အကြောင်း ရှားပါးကျမ်းစာတွေနဲ့တကွ အသားပေးတင်ဆက်ထားတဲ့ ပြခန်းပါ။ နောက်ပြခန်းတစ်ခုမှာလည်း တခြားရှားပါးကျမ်းစာတွေ၊ ကျမ်းစာခေတ် အသုံးအဆောင်တွေကို ပြသထားတယ်။

ယေဟောဝါနာမတော်အတွက် လူမျိုး။ ယေဟောဝါသက်သေတွေရဲ့ ဘုရားရေးရာ အမွေအနှစ် သမိုင်းကြောင်းကို တင်ဆက်ထားတဲ့ ပြခန်းပါ။ အလိုတော်ဆောင်ဖို့ လူမျိုးတော်ကို ယေဟောဝါ ဘယ်လို တဖြည်းဖြည်း လမ်းပြသွန်သင်ပေးခဲ့တယ်၊ ဖွဲ့စည်းပေးခဲ့တယ်ဆိုတာ သိနိုင်ဖို့ ကိုယ်တွေ့မှတ်တမ်းတွေ၊ ရုပ်ပုံတွေ၊ အရင်တုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ခင်းကျင်းပြသထားတယ်။

ကမ္ဘာ့ဌာနချုပ်—သက်ဝင်လှုပ်ရှား ယုံကြည်ခြင်းတရား။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီတွေရဲ့ လုပ်ငန်းဆောင်တာတွေအကြောင်း ဒီပြခန်းမှာ သိရပါမယ်။ ကျမ်းစာလမ်းညွှန်ထားတဲ့အတိုင်း ယေဟောဝါသက်သေတွေ အတူစည်းဝေးနိုင်အောင်၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်နိုင်အောင်၊ ကျမ်းစာအခြေပြု အကြောင်းအရာတွေ ဖတ်ရှုလေ့လာနိုင်အောင်၊ အချင်းချင်း မေတ္တာပြနိုင်အောင် သူတို့ ဘယ်လို ကူညီပေးနေသလဲဆိုတာလည်း သိရပါမယ်။

ပက်တာစင်က ပြခန်းတွေ

ပထမရာစု ကျမ်းစာရွာ။ ယေရှုခေတ်က လူနေမှုဘဝကို သိချင်ပါသလား။ ပြခန်းမှာ ပထမရာစုခေတ် ရွာသူရွာသားတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအကြောင်း လေ့လာနိုင်သလို ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်လုပ်ဆောင်နိုင်မှာဖြစ်လို့ ကျမ်းစာဖတ်ရှုတဲ့အခါ ပိုပြီးအသက်ဝင်လာပါလိမ့်မယ်။

ဂရိကျမ်းစောင်ပါ ဒင်္ဂါးများ။ ခရစ်ယာန်ဂရိကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ပထမရာစုခေတ် ဒင်္ဂါးပြားမူရင်းတွေကို ပြသထားတဲ့ပြခန်းပါ။ ဒင်္ဂါးတစ်ပြားစီရဲ့ အသေးစိတ်အချက်လက်တွေအကြောင်း၊ ကျမ်းစာမှတ်တမ်းနဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတဲ့အကြောင်း ရှင်းပြထားတယ်။

“မင်းရဲ့သားသမီးအားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်။” နှစ်တွေတစ်လျှောက် အဖွဲ့အစည်း ဖွင့်လှစ်ပို့ချခဲ့တဲ့ သင်တန်းကျောင်းတွေအကြောင်း ဒီပြခန်းမှာ တင်ဆက်ထားပါတယ်။ အဲဒီသင်တန်းကျောင်းတွေက စေတနာ့ဝန်ထမ်းတွေကို ပိုကောင်းတဲ့ သွန်သင်သူတွေ၊ အသင်းတော်အကြီးအကဲတွေ ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးခဲ့သလဲဆိုတာ သိရပါမယ်။

“သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်ခြင်း။” နှိပ်စက်ညှဉ်းပန်းမှု ပြင်းပြင်းထန်ထန် ကြုံရပေမဲ့ ယုံကြည်ခြင်း မစွန့်လွှတ်ခဲ့ကြတဲ့ ယေဟောဝါသက်သေတွေရဲ့ တွေ့ကြုံမှုကို ဒီပြခန်းမှာ တင်ဆက်ထားပါတယ်။ ကမ္ဘာတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းကို ဥပဒေအရအတည်ဖြစ်အောင် အဖွဲ့အစည်း ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာလည်း သိခွင့်ရပါမယ်။

 လိပ်စာနဲ့ ဖုန်းနံပါတ်

ဝေါဝစ်

လမ်းညွှန် ယူပါ

ပက်တာစင်

လမ်းညွှန် ယူပါ

ဝေါကီးလ်

လမ်းညွှန် ယူပါ