မာတိကာဆီ ကျော်သွား

ဗြိတိန် ဓာတ်​ပုံ​ပြခန်း ၉ (၂၀၁၉ စက်တင်ဘာ​မှ ၂၀၂၀ ဖေဖော်ဝါရီ)

ဗြိတိန် ဓာတ်​ပုံ​ပြခန်း ၉ (၂၀၁၉ စက်တင်ဘာ​မှ ၂၀၂၀ ဖေဖော်ဝါရီ)

ယေဟောဝါသက်သေ​တို့​ရဲ့ ဗြိတိန် ဌာနခွဲရုံး​သစ် ဆောက်လုပ်ရေး ပြီးစီး​ပုံ၊ ၂၀၁၉ စက်တင်ဘာ​မှ ၂၀၂၀ ဖေဖော်ဝါရီ​အတွင်း ဗေသလ​အိမ်သားတွေ စတင်​အသုံးပြုပုံ​တို့ကို ဒီ​ဓာတ်​ပုံ​ပြခန်း​မှာ မြင်တွေ့ရ​ပါ​လိမ့်မယ်။

  1. ၁။ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ (ဗီဒီယို​ထုတ်လုပ်ရေး)

  2. ၂။ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ (ပြုပြင်​ထိန်းသိမ်းရေး​နဲ့ လုပ်ငန်းတော်)

  3. ၃။ ရုံးခန်း အဆောက်​အုံ

  4. ၄။ လူနေ​ဆောင် A

  5. ၅။ လူနေ​ဆောင် B

  6. ၆။ လူနေ​ဆောင် C

  7. ၇။ လူနေ​ဆောင် D

  8. ၈။ လူနေ​ဆောင် E

  9. ၉။ လူနေ​ဆောင် F

၂၀၁၉၊ စက်တင်ဘာ ၁၀—ရုံးခန်း​အဆောက်အအုံ

ဥယျာဉ်​လုပ်သားတွေ မြေ​ကို ထွ​န်​ခြ​စ်​ဆွဲ​ပြီး မြက်​မျိုးစေ့ စိုက်​ဖို့ ပြင်ဆင်​နေစဉ်။ အနောက်​ဘက်မှာ အဆောက်အအုံ A နဲ့ B ကို မြင်နိုင်တယ်။

၂၀၁၉၊ စက်တင်ဘာ ၁၉—ရုံးခန်း​အဆောက်အအုံ

ရုံး​အဆောက်အအုံ​နောက်​မှာ ရေကန် ရှိတယ်။ ဒီရေ​ကန်​နဲ့ ချမ်း​စ​ဖို့​မှာ ရှိတဲ့ တခြား​ရေကန်​တွေ​က ရေရှည်​တည်တံ့​တဲ့ ရေ​ဆိုး​ထုတ်​စနစ်​မှာ ပါဝင်​တယ်။ သဘာဝ ရေ​စီး​ရေ​လာ​စနစ်​ကို ပုံတူ​ပွား​ထား​တာ​ပါ။ ဒီ​စနစ်​က ရေ​အရည်အသွေး ကောင်း​စေတယ်၊ ရေ​ကြီး​မှု​ဒဏ် လျော့နည်းစေ​တယ်၊ လူနဲ့ တိ​ရိစ္ဆာန်​အတွက် သဘာဝ​ပတ်ဝန်းကျင် လှပ​စိုပြည်​စေတယ်။

၂၀၁၉၊ စက်တင်ဘာ ၁၉—ရုံးခန်း​အဆောက်အအုံ

လက်သမား​အဖွဲ့ ဇနီး​မောင်နှံ ရုံးခန်း​သစ်​အခန်း​တွေ​ကို ကန့်​နေစဉ်။

၂၀၁၉၊ အောက်တိုဘာ ၁၄—လူနေ​ဆောင် A

ဗိသုကာ​အဖွဲ့သား​တစ်ဦး ဆံပင်​အလှ​ပြုပြင်ရေး​အခန်း တံခါး​မှာ လေ​ဆာ​ညှိ​စက် သုံးပြီး ဆိုင်းဘုတ်​တပ်​နေစဉ်။

၂၀၁၉၊ အောက်တိုဘာ ၂၈—ဌာနခွဲ​မြေနေရာ

လက်သမား​တစ်ဦး ရေ​ချိန် သုံးပြီး လမ်းညွှန်​ဆိုင်းဘုတ် တပ်​နေစဉ်။ ၃၄ ဟ​တ်​တာ (၈၅ ဧ​က) ကျယ်​တဲ့ နေရာမှာ လူ​သွား​လမ်းတစ်လျှောက် ဆိုင်းဘုတ်​တွေ​က အိမ်သား​နဲ့ ဧည့်သည်​တွေ​ကို လမ်းပြ​ပေး​တယ်။

၂၀၁၉၊ နိုဝင်ဘာ ၄—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

မီး​ဘေး ကယ်ဆယ်​ရေး​အဖွဲ့သား​တစ်ဦး မီး​သတ်​ပိုက် ရေ​အား​ကို စစ်ဆေး​နေစဉ်။

၂၀၁၉၊ နိုဝင်ဘာ ၁၄—ရုံးခန်း​အဆောက်အအုံ

ဆောက်လုပ်ရေး စီမံကိန်း ကော်မတီဝင်​တစ်ဦး နံနက်​ဝတ်ပြုမှု​ကို ဌာနခွဲ​စနစ်သစ်​နဲ့ အစမ်း တိုက်ရိုက်​ထုတ်လွှင့်​နေစဉ်။ ဒီ​အစီအစဉ်ကို လန်ဒန်​ဗေသလ​မိသားစု​တွေ အင်တာနက်​က​တစ်ဆင့် တိုက်ရိုက် ကြည့်ရှု​နိုင်တယ်။

၂၀၁၉၊ နိုဝင်ဘာ ၁၉—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ကန့်သတ်​နယ်မြေ​ဆီ အဝင်​လမ်းမှာ မီး​ပွိုင့် တပ်ဆင်​နေစဉ်။

၂၀၁၉၊ နိုဝင်ဘာ ၁၉—ပင်မ ပံ့ပိုး​ရေး လုပ်ငန်းခွင်

ပြန်​အသုံးပြု​ဖို့ ဝိုင်​ယာ​ကြိုးတွေ ခွာ​နေကြ​စဉ်။

၂၀၁၉၊ နိုဝင်ဘာ ၂၅—ပင်မ ပံ့ပိုး​ရေး လုပ်ငန်းခွင်

ဧည့်သည်​စင်တာ​မှ ဧည့်လမ်းညွှန်​တစ်ဦး ဌာနခွဲ​တည်နေရာ အ​ခင်း​အ​ကျင်း​ကို ရှင်းပြ​နေစဉ်။ ဆောက်လုပ်ရေး​ကာလ​အတွင်း ဧည့်သည် ၉၅,၀၀၀ ကျော် လာရောက် ကြည့်ရှု​ကြတယ်။

၂၀၁၉၊ ဒီဇင်ဘာ ၅—ရုံးခန်း​အဆောက်အအုံ

ဗေသလ​ဌာန​တွေ​က အဆောက်အအုံ​ကို တာဝန်​ယူ​ထိန်းသိမ်း​ခြင်း မတိုင်ခင် ဆောက်လုပ်ရေး​အဖွဲ့ကို နောက်ဆုံး လစဉ်​အစည်းအဝေး​မှာ ဗြိတိန်​ဌာနခွဲ ကော်မတီဝင်​တစ်ဦး ဟောပြောချက် ပေး​နေစဉ်။ ဒီ​စီမံကိန်း​မှာ လုပ်သား ၁၁,၀၀၀ ကျော်​ဟာ စေတနာ​စိတ်​နဲ့ အချိန်၊ ခွန်အား စိုက်ထုတ်​ခဲ့​ကြတယ်။

၂၀၁၉၊ ဒီဇင်ဘာ ၁၀—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ဒေသန္တရ ဗီဒီယို​အဖွဲ့နဲ့ ဒေသ​တွင်း ရုပ်သံ​လွှင့်​ဌာန​ကို စတူဒီယို​သစ် အသုံးပြုနည်း လေ့ကျင့်ပေး​နေစဉ်။ အ​ချော​ကိုင်ထား​တဲ့ ကြမ်းခင်း မ​ပွန်း​မ​ခြ​စ်​စေဖို့ ပလတ်စတစ် ရှုး​ဖိနပ်​အကာ​တွေ ဝတ်​ထား​ကြ။

၂၀၁၉၊ ဒီဇင်ဘာ ၃၀—ရုံးခန်း​အဆောက်အအုံ

ရုံးခန်း​အဆောက်အအုံ​ဆီ သွားတဲ့ ကား​အဝင်​လမ်းမှာ ခင်း​ထား​တဲ့ ကျောက်ပြား​တွေ​ကြားထဲ သဲ​တွေ ထည့်​နေကြ​စဉ်။

၂၀၂၀၊ ဇန်နဝါရီ ၁၆—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ဂိုဒေါင်​သစ်​မှာ စစ်​ပြင်​တစ်ဦး မီ​နီ​ဘတ်​စ်​ကို ပြုပြင်​နေစဉ်။ ဌာနခွဲ​အဆောင်​တွေ တစ်စု​တစ်​စည်း​တည်း ရှိသွား​ပြီ​ဖြစ်​လို့ နေ့စဉ် ရုံး​တက်​ရုံး​ဆင်း ကြို​ပို့ပေး​တဲ့ မီ​နီ​ဘတ်​စ်​တွေ မလို​တော့​ဘူး။ ပို​နေတဲ့ ယာဉ်​တွေ​ကို ရော​င်း​ထုတ်​နိုင်ပြီ။ နောက်​မှာ မြေပြင် ပြုပြင်​ထိန်းသိမ်းရေး​အဖွဲ့ရဲ့ စွယ်စုံ​သုံး​ကား​ကို တွေ့မြင်​ရ။

၂၀၂၀၊ ဇန်နဝါရီ ၂၉—လူနေ​ဆောင် D

ဗေသလ​အိမ်သားတွေ​ရဲ့ ပစ္စည်း​တွေ​ကို ရွှေ့​ပြောင်း​ပေး​နေစဉ်။ ၂၇ ဦး​ပါ​တဲ့​အဖွဲ့က ဇန်နဝါရီ​နဲ့ ဖေဖော်ဝါရီ​လ​အတွင်း ဗေသလ​အိမ်သားတွေ ရွှေ့​ပြောင်း​နိုင်အောင် ကူညီပေး​တယ်။ မတ်​လ​ဆန်း​မှာ ဗေသလ​မိသားစု​အားလုံး ဌာနခွဲ​အသစ်​မှာ နေထိုင်၊ အလုပ်လုပ်​နေကြပါ​ပြီ။

၂၀၂၀၊ ဖေဖော်ဝါရီ ၆—ရုံးခန်း​အဆောက်အအုံ

စား​ဖို​ဆောင်​အဖွဲ့သား​တွေ ဗေသလ​မိသားစု​အတွက် ဟင်းရွက်​သု​ပ် ပြင်ဆင်​ပေး​နေစဉ်။

၂၀၂၀၊ ဖေဖော်ဝါရီ ၇—ပံ့ပိုး​ရေး​လုပ်ငန်းခွင် လူနေ​ဆောင်

ယာယီ လူနေ​ဆောင်ယူ​နစ်​ကို ရောင်းပြီး​နောက် ဖယ်ရှားပစ်​တော့​မယ်။ ဆောက်လုပ်ရေး​ကာလ​အတွင်း ဆောက်လုပ်ရေး​လုပ်သားတွေ နေထိုင်တဲ့ ဒီ​ယူနစ်​တွေ​ဟာ ကာဗွန်​ထုတ်လုပ်မှု လျှော့ချ​ရေး အစီအစဉ်မှာ ပါဝင်​တယ်။ ဒီ​အစီအစဉ်​က ရေရှည် တည်တံ့​ခိုင်မြဲ​မှု အကဲဖြတ်​နည်း​စနစ် BREEAM (အဆောက်အအုံ သု​သေ​သ​န​အဖွဲ့ သဘာဝ​ဝန်းကျင် ထိန်းသိမ်းရေး အကဲဖြတ်​စနစ်) ရဲ့ အသိအမှတ်ပြု​မှု ရထားတယ်။ နောက်ဘက် ခပ်​လှမ်း​လှမ်း​မှာ လူနေ​ဆောင် အဆောက်အအုံ​သစ်​ကို မြင်​နေ​ရတယ်။

၂၀၂၀၊ ဖေဖော်ဝါရီ ၁၄—ရုံးခန်း​အဆောက်အအုံ

ဘာသာပြန်​ဌာန​အဖွဲ့ဝင်​တွေ​က အသံသွင်း​ဖို့ အသံလုံ​ခန်း တပ်ဆင်​နေစဉ်။ ဘာသာပြန်​ရုံးခန်း​တွေ​မှာ ဒီလို​တပ်ဆင်​ပေး​ထား​တယ်။ ဗြိတိန်​ဌာနခွဲ​လက်အောက်​မှာ ရှိတဲ့ အိုင်း​ရ​စ်​နဲ့ စကော့​တစ် ဂေး​လစ်​တို့​လို တိုင်းရင်းသား​စကား ဘာသာပြန်​အဖွဲ့​တွေ​လည်း ရနိုင်​ပါ​ပြီ။

၂၀၂၀၊ ဖေဖော်ဝါရီ ၂၄—ရုံးခန်း​အဆောက်အအုံ

ဒေသ​ဆိုင်ရာ ဒီဇိုင်း​နဲ့ ဆောက်လုပ်ရေး​ဌာန​က အင်္ဂလန် အရှေ့​တောင်ပိုင်း လယ်ကွင်း​ကိုယ်စားလှယ်​တစ်ဦး​ကို ဗီဒီယို​ချိတ်ဆက်​ပြီး စကားပြော​နေစဉ်။ လယ်ကွင်း​ကိုယ်စားလှယ်​က နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​နဲ့ ပြုပြင်​ထိန်းသိမ်းရေး​အကြောင်း ဆွေးနွေး​ဖို့ ဌာနခွဲ​နဲ့ ပုံမှန် ဆက်သွယ်​တယ်။ နောက်ခံ​မှာ ဌာန​အဖွဲ့ဝင်​တချို့က နိုင်ငံတော်​ခန်းမ​အသစ်၊ ပြုပြင်​မွမ်းမံ​ထား​တဲ့ ခန်းမ​တွေ​အတွက် အပူ​နဲ့ လေဝင်လေထွက်​စနစ်​အကြောင်း ဆွေးနွေး​နေကြ​တယ်။

၂၀၂၀၊ ဖေဖော်ဝါရီ ၂၅—ရုံးခန်း​အဆောက်အအုံ

ပြင်ပ​ကနေ အလုပ်ဆင်း​သူ​လူသစ်တွေ ကြိုဆို​ရေး​အစည်းအဝေး တက်​ဖို့၊ တာဝန်ကျ ဌာန​နဲ့ မိတ်ဆက်​ဖို့ ဧည့်ကြို​ဌာန​ကို ရောက်နေ​ကြ​စဉ်။ ဗြိတိန်​ဌာနခွဲ​က ချမ်း​စ​ဖို့​ကနေ လုပ်ငန်းကြီး​ကြပ်​ချိန်မှာ အချိန်ပြည့် ဗေသလ​အိမ်သားတွေကို ကူညီပေး​နေတဲ့ ပြင်ပ​ကနေ အလုပ်ဆင်း​သူ ၅၀၀ နီးပါး ရှိတယ်။ နောက်ခံ​မှာ စက်​သ​မား​တွေ​က ဧည့်သည်​တွေ​ကို ပြသ​ရာ​မှာ သုံးတဲ့ တီဗီ​ဖန်သားပြင်​နဲ့ ရုပ်သံ​ကို စမ်း​နေကြ​တယ်။