မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

Playlist အသုံးပြုပုံ

Playlist အသုံးပြုပုံ

ကိုယ်ပိုင်လေ့လာမှု tab မှာ ဗီဒီယို၊ အသံဖိုင်၊ ရုပ်ပုံတွေကို playlist ဖန်တီးပြီး ထည့်ထားနိုင်ပါတယ်။ ဥပမာ၊

  • ကိုယ်နှစ်သက်တဲ့ ချီးမွမ်းသီချင်းတွေကို playlist ထဲ ထည့်ထားနိုင်တယ်

  • အမှုဆောင်လုပ်ငန်းမှာ အသုံးပြုမယ့် ဗီဒီယိုတွေ၊ ရုပ်ပုံတွေကို စုစည်းထားနိုင်တယ်

  • ဟောပြောချက်အတွက် ရုပ်ပုံတွေကို playlist ထဲမှာ ပြင်ဆင်ထားပြီး ရုပ်/သံ ကိုင်တွယ်တဲ့ ညီအစ်ကိုတွေကို ဝေမျှနိုင်တယ်

 Playlist တစ်ခု ဖန်တီးပုံ၊ အချက်အလက် ထည့်သွင်းပုံ

 Playlist ကို ပြင်ဆင်နိုင်ပုံ

 Playlist ကို ဝေမျှခြင်း

 ကီးဘုတ် အတိုကောက်ခလုတ်များ

 Playlist တစ်ခု ဖန်တီးပုံ၊ အချက်အလက် ထည့်သွင်းပုံ

Playlist ဖန်တီးပုံ

  1. ၁။ ကိုယ်ပိုင်လေ့လာမှု > Playlists ကိုသွားပါ

  2. ၂။ Add Playlists ကို ရွေးပါ။

  3. ၃။ Create Playlist ဒါမှမဟုတ် Import Playlist ကိုရွေးပါ။

    • Playlist ဖန်တီးပုံ– နာမည်ပေးပါ၊ ပြီးတဲ့နောက် Create ကိုနှိပ်ပါ။

    • Playlist ကို Import လုပ်ပုံ– ရှိပြီးသား playlist ကိုထည့်သွင်းဖို့ မိမိစက်အတွင်းမှာရှိတဲ့ ဖိုင်နေရာကို ရွေးချယ်ပါ။

Playlist ထဲမှာ အချက်အလက် ထည့်သွင်းပုံ

အက်ပ်ထဲက ဗီဒီယို၊ သီချင်းနဲ့ အသံဖိုင်တွေ

  1. ၁။ ဗီဒီယို/သီချင်း/အသံဖိုင်ပေါ်က အစက်သုံးစက်ကို နှိပ်ပါ

  2. ၂။ Add to Playlists ကိုနှိပ်ပါ

  3. ၃။ ရှိပြီးသား playlist ကို ရွေးချယ်ပါ ဒါမှမဟုတ် Playlist အသစ်လုပ်ဖို့ Create Playlist ကိုရွေးပါ

အက်ပ်အတွင်းရှိ ပုံများ

  1. ရုပ်ပုံ ရွေးချယ်ပါ

  2. Add to Playlist ကို နှိပ်ပါ

  3. ရှိပြီးသား playlist ကို ရွေးချယ်ပါ ဒါမှမဟုတ် playlist အသစ်လုပ်ဖို့ Create Playlist ကိုရွေးပါ

ပြင်ပဖိုင်များ

ကြိုက်နှစ်သက်ရာ ဗီဒီယို၊ အသံဖိုင်၊ ပုံတွေကို playlist ထဲထည့်နိုင်ပါတယ်။

  1. ၁။ Playlists စာမျက်နှာကို သွားပါ

  2. ၂။ ရှိပြီးသား playlist ကိုဖွင့်ပါ

  3. ၃။ Import File ကိုရွေးပါ

  4. ၄။ မိမိစက်အတွင်းရှိ ဗီဒီယို/အသံဖိုင်/ပုံ ထားတဲ့နေရာကို ရွေးချယ်ပါ။

 Playlist ကို ပြင်ဆင်နိုင်ပုံ

နာမည်ပြောင်းပုံ

Playlist ကို နာမည်ပြောင်းဖို့

  • Playlists ကိုနာမည်ပြောင်းချင်ရင် အစက်သုံးစက်ကို နှိပ်၊ Rename ကိုရွေးပြီး နာမည်အသစ်ရေးပါ

  • Playlists အတွင်းရှိ ဖိုင်ကို နာမည်ပြောင်းချင်ရင်လည်း အစက်သုံးစက်ကို နှိပ်၊ Rename ကိုရွေးပြီး နာမည်အသစ်ရေးပါ

Playlist တစ်ခုချင်းစီကို နာမည်ပြောင်းပုံ

  1. Playlist ရဲ့ အစက်သုံးစက်ကို နှိပ်ပါ

  2. Rename ကိုရွေးပါ၊ နာမည်အသစ်ရေးပါ

Playlist ထဲက ဖိုင်တွေကို နေရာပြောင်းနိုင်ပုံ

  • Playlist ကို ဖိပြီး ကိုယ်လိုချင်တဲ့နေရာဆီ ရွှေ့နိုင်တယ်

စဖွင့်တဲ့ပုံစံ ပြောင်းလဲခြင်း

Playlist ကို ဖွင့်တဲ့အခါ အလိုအလျောက် တစ်ခုပြီးတစ်ခု ပွင့်လာမှာဖြစ်တယ်။ အဲဒါကို ပြောင်းလဲချင်ရင် Settings ထဲက start action မှာ ချိန်ညှိနိုင်တယ်။ Play ဒါမှမဟုတ် Pause ကိုရွေးနိုင်တယ်။

အဆုံးသတ်မယ့်ပုံစံ ပြောင်းခြင်း

Playlist အဆုံးသတ်မယ့်ပုံစံကို ပြောင်းချင်ရင်

  1. End Action ကို ရွေးပါ

  2. ကိုယ်လိုချင်တဲ့ပုံစံကို ရွေးပါ

စက်ထဲမှာ ရွေးချယ်ထားတာကတော့ အလိုအလျောက် ဆက်တိုက်ပွင့်နေတဲ့ပုံစံ (Continue) ဖြစ်တယ်။ အဲဒါကို ပြောင်းလဲချင်ရင် Settings ထဲက default end action မှာ ချိန်ညှိနိုင်တယ်။

[Box]

End Action ထဲက ရွေးချယ်စရာများ

Continue

နောက်တစ်ခု ဆက်ပွင့်သွားမယ်

Stop

အဆုံးထိ ပွင့်ပြီးရင် မူလ playlist နေရာ ပြန်ရောက်သွားမယ်

Freeze

နောက်တစ်ခုကို ဆက်မသွားဘဲ ရပ်နေမယ်

Repeat

ဗီဒီယို/အသံဖိုင်တစ်ခုတည်းပဲ ထပ်ခါထပ်ခါ ပွင့်နေမယ်

 Playlist ကို ဝေမျှခြင်း

Share ကို နှိပ်ပြီး playlist ကို ဝေမျှနိုင်တယ်။

  • Playlists ကို ဝေမျှချင်ရင် အစက်သုံးစက်ကို နှိပ်၊ Share ကိုရွေးပြီး ဝေမျှပါ

  • Playlists အတွင်းရှိ ဖိုင်ကို ဝေမျှချင်ရင်လည်း အစက်သုံးစက်ကို နှိပ်၊ Share ကိုရွေးပြီး ဝေမျှပါ

 ကီးဘုတ် အတိုကောက်ခလုတ်များ

ကီးဘုတ် အတိုကောက်ခလုတ်တွေသုံးပြီး playlist တွေကို ရွှေ့နိုင်တယ်

Windows

macOS

အရှေ့မှာ ဖွင့်ခဲ့တဲ့ playlist

Page Up

Function-အပေါ်ဘက်ညွှန် မြား

နောက်ဖွင့်မယ့် playlist

Page Down

Function-အောက်ဘက်ညွှန် မြား