မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android

စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android

အင်တာနက် မဖွင့်ထားဘဲ JW Library ထဲက စာအုပ်တွေ၊ စာစောင်တွေ၊ ဝေစာတွေနဲ့ ဗီဒီယိုတွေကို ဖတ်နိုင်၊ ကြည့်နိုင် ပါတယ်။

စာပေတွေကို ကူးယူ၊ စီစဉ်ရာမှာ အောက်ပါ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ပါ–

 စာပေတစ်ခုကို ကူးယူပါ

အင်တာနက် မဖွင့်ထားဘဲ ဖတ်ရှုလေ့လာနိုင်ဖို့ သင်နှစ်သက်တဲ့ စာပေတွေကို ကူးယူထားနိုင်ပါတယ်။

  • စာပေစာရင်းကို ကြည့်ချင်ရင် Navigation drawer ကိုဖွင့်ပြီး စာပေများ ကိုနှိပ်ပါ။

  • ဘာသာစကား ခလုတ်ကိုနှိပ်ရင် စာပေတွေ ရရှိနိုင်တဲ့ ဘာသာစကားအားလုံးကို ပြပေးတယ်။ သင်ဖတ်ရှုချင်တဲ့ ဘာသာစကားတစ်ခုကို ရွေးချယ်ပါ။ သင်အသုံးများတဲ့ ဘာသာစကားတွေကို စာရင်းရဲ့ အပေါ်ဆုံးမှာ တွေ့ရပါလိမ့်မယ်။ သင်အသုံးပြုချင်တဲ့ ဘာသာစကားနာမည် ရိုက်ထည့်ပြီးတော့လည်း ရှာနိုင်ပါတယ်။

JW Library ထဲက စာပေတွေကို ရှာဖွေနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။

အမျိုးအစား ဆိုတဲ့အပိုင်းမှာ သင်ရွေးချယ်ထားတဲ့ ဘာသာစကားနဲ့ စာပေတွေကို စာအုပ်များ၊ ဝေစာများ၊ ဗီဒီယိုများ ဆိုပြီး အမျိုးအစားလိုက် ခွဲထားပေးပါတယ်။ တချို့အမျိုးအစားတွေမှာ နောက်ထပ် ရွေးချယ်စရာတွေ ရှိနိုင်တယ်။ ဥပမာ၊ ကင်းမျှော်စင် ဆိုရင် နှစ်အလိုက် ခွဲထားပြီး ဗီဒီယိုတွေကိုတော့ အမျိုးအစားလိုက် ခွဲထားပါတယ်။ စာရင်းအစကို ပြန်သွားချင်တယ်ဆိုရင် အမျိုးစားအားလုံး ကို နှိပ်ပါ။

အသစ်တင်ထားရာများ အပိုင်းမှာ သင်ရွေးချယ်ထားတဲ့ ဘာသာစကားနဲ့ နောက်ဆုံးတင်ထားတဲ့ စာပေတွေကို တွေ့နိုင်ပါတယ်။

သင် မကူးယူသေးတဲ့ စာပေတွေကို တိမ်ပုံ အမှတ်အသားနဲ့ ဖော်ပြထားပါတယ်။ စာပေတစ်ခုကို ကူးယူချင်တယ်ဆိုရင် အဲဒီစာပေကို နှိပ်ပါ။ သင့်ရဲ့ဖုန်း၊ တက်ဘလက်ထဲ ကူးယူပြီးသွားပြီဆိုရင် တိမ်ပုံ အမှတ်အသား ပျောက်သွားပါလိမ့်မယ်။ ကူးယူထားတဲ့ စာပေကို ဖတ်ချင်တယ်ဆိုရင် အဲဒီစာပေကို ထပ်နှိပ်ပါ။

ကူးယူထားရာများ ဆိုတဲ့အပိုင်းမှာ ဘယ်ဘာသာစကားနဲ့မဆို သင်ကူးယူထားတဲ့ စာပေအားလုံးကို ပြပေးပါလိမ့်မယ်။ အဲဒီစာရင်းကို မကြာခဏသုံးတဲ့အရာ၊ သိပ်မသုံးတဲ့အရာ၊ အရွယ်အစားအကြီးဆုံးအရာ ဆိုတဲ့ထဲက တစ်ခုရွေးပြီး အစဉ်လိုက်စီနိုင်ပါတယ်။

 စာပေတစ်ခုကို ဖျက်ပစ်ပါ

သိမ်းဆည်းထားတာတွေများနေလို့ နေရာလွတ်ချင်တဲ့အခါ၊ အသုံးပြုစရာမလိုတော့တဲ့အခါ စာပေတစ်ခုကို ဖျက်ပစ်နိုင်ပါတယ်။

Navigation drawer ကိုဖွင့်ပြီး စာပေများ ဆိုတဲ့နေရာကို နှိပ်ပါ။ စာပေအမျိုးအစားတစ်ခု (ဥပမာ၊ စာအုပ်များ) ကိုနှိပ်ပြီး စာပေစာရင်းကို ကြည့်ပါ။ သင်ဖျက်ပစ်ချင်တဲ့ စာပေအကွက်မှာရှိတဲ့ More ခလုတ်ကိုနှိပ်ပြီး ဖျက်ပါ။

သိမ်းဆည်းထားတာတွေများနေလို့ နေရာလွတ်ချင်တဲ့အခါ သိပ်မသုံးတဲ့အရာ ဒါမှမဟုတ် အရွယ်အစားအကြီးဆုံးအရာထဲက စာပေတွေကို ဖျက်ပစ်နိုင်ပါတယ်။ Navigation drawer ကိုဖွင့်ပြီး စာပေများ ခလုတ်ကို နှိပ်ပါ။ ကူးယူထားရာများ အပိုင်းကို သွားပါ။ သိပ်မသုံးတဲ့အရာ ဒါမှမဟုတ် အရွယ်အစားအကြီးဆုံးအရာ စာရင်းကို သွားပါ။ မလိုအပ်တဲ့ စာပေတွေကို ဖျက်ပစ်ပါ။

 Update လုပ်ထားတဲ့ စာပေတစ်ခုကို ရယူပါ

သင်ကူးယူထားတဲ့ စာပေကို မကြာမကြာ update လုပ်ဖို့ လိုပါလိမ့်မယ်။

Update လုပ်ဖို့လိုနေတဲ့ စာပေကို refresh icon အမှတ်အသားနဲ့ ဖော်ပြပေးပါတယ်။ အဲဒီစာပေကို နှိပ်လိုက်တဲ့အခါ မက်ဆေ့ချ် တွေ့ရပါလိမ့်မယ်။ Update လုပ်ချင်တယ်ဆိုရင် ကူးယူပါ ကိုနှိပ်ပါ၊ မကူးယူချင်သေးဘူးဆိုရင် နောက်မှ ကိုနှိပ်ပါ။

သင်ကူးယူထားတဲ့စာပေတွေ update လုပ်ဖို့ လိုမလို သိချင်ရင် Navigation drawer ကိုဖွင့်ပြီး စာပေများ ခလုတ်ကိုနှိပ်ပါ။ ကူးယူထားရာများ အပိုင်းကို သွားပါ။ Update လုပ်ဖို့လိုနေတယ်ဆိုရင် update မလုပ်ရသေး ကို တွေ့ရပါလိမ့်မယ်။ အဲဒါကို နှိပ်မယ်ဆိုရင် update မလုပ်ရသေးတဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။ Update လုပ်ချင်တဲ့ စာပေကိုနှိပ်ပါ ဒါမှမဟုတ် အားလုံး update လုပ်မယ် ကိုနှိပ်ပါ။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.4 ကို ၂၀၁၅၊ ဖေဖော်ဝါရီလမှာ တင်ထားပြီးဖြစ်ပါတယ်။ Android 2.3 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—Android” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။