မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ချေးပိုးထိုးရဲ့ လမ်းကြောင်းရှာသွားနိုင်စွမ်း

ချေးပိုးထိုးရဲ့ လမ်းကြောင်းရှာသွားနိုင်စွမ်း

ချေးပိုးထိုးအတွက် တိရစ္ဆာန်မစင်ဟာ ဘက်စုံအသုံးဝင် ပါတယ်။ အဲဒီပိုးကောင်က မစင်ကို စားတယ်။ မစင်ထဲမှာ ဥ, ဥတယ်။ အထီးတချို့ဆိုရင် မစင်လုံးကြီး ပေးပြီး အမကို ပိုးပန်းတတ်တယ်။ လတ်ဆတ်တဲ့မစင်ကို သူတို့ လုယူတတ်ကြတယ်။ ဆင်ချေးပုံကြီးတစ်ပုံကို ချေးပိုးထိုးအကောင် ၁၆,၀၀၀ က နှစ်နာရီအတွင်း အပြတ်ရှင်းပစ်တာကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့တယ်။

ချေးပိုးထိုးတချို့ဆိုရင် မစင်ကို လုံးပြီးတော့ မစင်ပုံ ကနေ အဝေးကို လှိမ့်ယူသွားကြပြီး မြေကြီးထဲမှာ ဝှက်ထားကြတယ်။ အဲဒီပိုးကောင်က မစင်လုံးကို လမ်းတစ်ဖြောင့်တည်း လှိမ့်ယူသွားတယ်။ ဒီလိုလုပ်တာက တခြားချေးပိုးထိုးတွေ လုမယူနိုင်အောင် အမြန်ဆုံးထွက်သွား နိုင်တဲ့နည်း ဖြစ်တယ်။

ဒါပေမဲ့ ဒီချေးပိုးထိုးက အထူးသဖြင့် ညအချိန်မှာတောင် ဘယ်လိုလုပ် တစ်ဖြောင့်တည်းသွားနိုင်ရတာလဲ။

သုံးသပ်ကြည့်ပါ။ ချေးပိုးထိုးတွေက နေရောင်၊ လရောင်အောက်မှာ သူ့လမ်းကြောင်းကို သူသိတယ်။ လမိုက်တဲ့ ညတွေမှာတောင် ဖြောင့်ဖြောင့်တန်းတန်း သွားတာကို အရင်ကတည်းက လေ့လာတွေ့ရှိခဲ့တယ်။ ဒီလိုဖြောင့်ဖြောင့်တန်းတန်းသွားနိုင်တာက ကြယ်တွေကိုမြင်ရလို့ မဟုတ်ဘဲ နဂါးငွေ့တန်းဂလက်ဆီက ထွက်လာတဲ့ အလင်းတန်းကြောင့် ဖြစ်တယ်လို့ တောင်အာဖရိက သုတေသီတွေ တွေ့ရှိခဲ့တယ်။ ဂျာနယ်တစ်စောင် (Current Biology) အရဆိုရင် အဲဒီပိုးကောင်တွေက “တိရစ္ဆာန်လောကမှာ နဂါးငွေ့တန်းဂလက်ဆီရဲ့အလင်းတန်းကို အသုံးပြုပြီး လမ်းကြောင်းရှာသွားနိုင်တဲ့ တွေ့ရှိချက်ထဲမှာ ပထမဆုံး” ဖြစ်တယ်လို့ ဖော်ပြတယ်။

သုတေသီ မားကပ်စ် ဘရိုင်းက ချေးပိုးထိုးတွေမှာ “ကြယ်ရောင်မှိန်မှိန်လေးရှိရုံနဲ့ သူ့လမ်းကြောင်းကို ရှာနိုင်တဲ့ ဉာဏ်စွမ်းရှိတယ်” လို့ ဆိုတယ်။ “ဒီပိုးကောင်တွေဆီကနေ မှုန်ဝါးနေတဲ့ အခြေအနေမျိုးမှာတောင် မြင်နိုင်ဖို့ သင်ယူနိုင်ပါလိမ့်မယ်” ဆိုပြီး ထပ်ပြောထားတယ်။ ဥပမာ၊ ပြိုကျနေတဲ့ အဆောက်အဦထဲမှာ ရှာဖွေနိုင်ဖို့ စက်ရုပ်ထဲ ချေးပိုးထိုးရဲ့ လမ်းကြောင်းရှာသွားနိုင်စွမ်းကို ပရိုဂရမ် လုပ်ပြီး ထည့်ပေးနိုင်ပါတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ချေးပိုးထိုးရဲ့ လမ်းကြောင်းရှာသွားနိုင်စွမ်းက သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထား တာလား။

ဒီအချက်ကို သိပါသလား။

ချေးပိုးထိုးတွေက မြေကြီးကို မွအောင်ဆွပေးတယ်။ မျိုးစေ့ကို နေရာအနှံ့ ပြန့်စေတယ်။ ယင်ကောင် မပေါက်ပွားအောင် ထိန်းချုပ်ပေးတယ်။