ဧသတာ ၈:၁-၁၇

  • မော်​ဒ​ကဲ ရာ​ထူး​တိုး (၁၊ ၂)

  • မင်း​ကြီး​ဆီ ဧ​သတာ အသနား​ခံ (၃-၆)

  • မင်း​ကြီး အမိန့်​ထုတ် (၇-၁၄)

  • ဂျူး​တွေ သက်​သာ​ရာရ​သွား​ပြီး ဝမ်း​မြောက်​ကြ (၁၅-၁၇)

 အဲဒီ​နေ့​မှာ အာ​ရွှေ​ရု​မင်း​က ဂျူး​တွေ​ရဲ့​ရန်​သူ+ ဟာ​မန်​ရဲ့ ပိုင်​ဆိုင်​ရာ​မှန်​သမျှ​ကို+ မိ​ဖု​ရား​ဧ​သတာ​ဆီ အပ်​လိုက်​တယ်။ ဧ​သတာ​က မော်​ဒ​ကဲ​နဲ့ ဆွေ​မျိုး​တော်​စပ်​တဲ့​အကြောင်း ပြော​ပြလိုက်​တဲ့​အတွက် မင်း​ကြီး​ဆီ မော်​ဒ​ကဲ အခစား​ဝင်​ရ​တယ်။+ ၂  မင်း​ကြီး​က ဟာ​မန်​ဆီ​က​နေ ပြန်​သိမ်း​ယူ​ထား​တဲ့ တံ​ဆိပ်​လက်​စွပ်​ကို ချွတ်​ပြီး+ မော်​ဒ​ကဲ​ကို ပေး​တယ်။ ဧ​သတာ​က​လည်း ဟာ​မန်​ရဲ့ ပိုင်​ဆိုင်​ရာ​မှန်​သမျှ​ကို ကြီး​ကြပ်​ဖို့ မော်​ဒ​ကဲ​ကို အပ်​လိုက်​တယ်။+ ၃  ဧ​သတာ​က မင်း​ကြီး​ကို နောက်​တစ်​ကြိမ် လျှောက်​တင်​ပြန်​တယ်။ ဂျူး​တွေ ဒုက္ခ​ရောက်​အောင် အာ​ဂတ်​အမျိုး ဟာ​မန် မကောင်း​ကြံ​စည်​ထား​တာ​ကို ဖယ်​ရှား​ပေး​ဖို့ ခြေ​တော်​ရင်း​မှာ ပျပ်​ဝပ်​ငို​ကြွေး​ပြီး အသနား​ခံ​တယ်။+ ၄  မင်း​ကြီး​က ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​ပေး​လိုက်​တော့+ ဧ​သတာ​လည်း ထ​ရပ်​လိုက်​တယ်။ ၅  ပြီး​တော့ “မင်း​ကြီး အလို​တော်​ရှိ​ပြီး ကျွန်​မကို စိတ်​တော်​နဲ့ တွေ့​တယ်၊ နှစ်​သက်​တယ်​ဆို​ရင်၊ မင်း​ကြီး သင့်​တော်​တယ်​ထင်​ရင် အာ​ဂတ်​အမျိုး+ ဟမ်​မဒါ​သရဲ့​သား၊ အကြံ​သမား ဟာ​မန်​ရေး​ခဲ့​တဲ့ စာ​တွေ​ကို ပယ်​ဖျက်​မယ့် အမိန့်​တော်​စာ​ကို ရေး​ပေး​ပါ။+ နို့​မို့​ဆို​ရင် မင်း​ကြီး​အုပ်​ချုပ်​တဲ့ ခ​ရိုင်​အားလုံး​မှာ​ရှိ​တဲ့ ဂျူး​တွေ ကွပ်​မျက်​ခံ​ရ​ပါ​တော့​မယ်။ ၆  ကျွန်​မရဲ့​လူမျိုး ဒီ​လို​ဘေး​ဆိုး​ကြုံ​ပြီး ဆွေ​မျိုး​တွေ ကွပ်​မျက်​ခံ​ရ​တော့​မှာ​ကို ကျွန်​မ ဘယ်​လို​မှ မကြည့်​ရက်​ဘူး” ဆို​ပြီး လျှောက်​တင်​တယ်။ ၇  အာ​ရွှေ​ရု​မင်း​လည်း  မိ​ဖု​ရား​ဧသတာ​နဲ့  ဂျူး​လူမျိုး​  မော်​ဒ​ကဲ​ကို “ဟာမန်​က ဂျူး​တွေ​ကို ကွပ်​မျက်​ဖို့ ကြံ​စည်​တဲ့​အတွက် သူ့​ကို သစ်​တိုင်​မှာ ဆွဲ​ထား​လိုက်​ပြီ။+ သူ​ပိုင်​ဆိုင်​သမျှ​ကို​လည်း ဧ​သတာ​ဆီ ငါ​အပ်​လိုက်​ပြီ။+ ၈  ဘု​ရင့်​နာ​မည်​နဲ့​ရေး​ပြီး လက်​စွပ်​တော်​နဲ့ တံ​ဆိပ်​ခတ်​ထား​တဲ့ အမိန့်ဆိုတာ ပြန်​ရုပ်​သိမ်း​လို့ မရ​ဘူး။+ ဒီ​တော့ မင်း​တို့ ကောင်း​မယ်​ထင်​သလို ဂျူး​တွေ​ရဲ့​အကျိုး​အတွက် ငါ​ကိုယ်​တော်မြတ်​ရဲ့ နာ​မည်​နဲ့ စာ​ရေး​ပြီး လက်​စွပ်​တော်​နဲ့ တံဆိပ်​ခတ်​လိုက်​ပါ” လို့​အမိန့်​ပေး​တယ်။ ၉  ဒါ​ကြောင့် သိ​ဝန်* လို့​ခေါ်​တဲ့ သုံး​လ​ပိုင်း၊ ၂၃ ရက်​နေ့​မှာ အတွင်း​ဝန်​တွေ​ကို ဆင့်​ခေါ်​လိုက်​တယ်။ သူတို့​က ဂျူး​တွေ​ကို​ရော အိ​န္ဒိ​ယ​ပြည်​က​နေ အီသီယိုး​ပီးယား​ပြည်​အထိ ခ​ရိုင် ၁၂၇ ခု​မှာ​ရှိ​တဲ့ ဘုရင်​ခံ​ချုပ်​တွေ၊+ ဘုရင်​ခံ​တွေ၊ ခေါင်း​ဆောင်​တွေ​ကို​ပါ+ မော်​ဒ​ကဲ  မိန့်မှာ​တဲ့​အတိုင်း စာ​ရေး​ကြ​တယ်။ ခ​ရိုင်​တစ်​ခု​စီကို  သူတို့​ဘာ​သာ​စကား၊  သူတို့​စာအရေး​အသား​နဲ့ ရေး​လိုက်​တယ်။ ဂျူး​တွေ​ဆီ​ကို​လည်း  သူတို့​ဘာ​သာ​စကား၊ သူတို့​စာ​အရေး​အသား​နဲ့ ရေး​လိုက်​တယ်။ ၁၀  မော်​ဒ​ကဲ​က  အာ​ရွှေ​ရု​မင်း နာမည်​နဲ့ စာ​ရေး​ပြီး လက်​စွပ်​တော်​နဲ့ တံ​ဆိပ်​ခတ်​လိုက်​တယ်။+  အဲဒီ​စာ​တွေ​ကို ခြေ​မြန်​တော်တွေ​က​တစ်ဆင့် ပေး​ပို့​လိုက်​တယ်။ သူတို့​က မင်း​ကြီး​ရဲ့​မြင်း​ဇောင်း​မှာ မွေး​ထား​တဲ့ သန်​မြန်​တဲ့ မြင်း​တွေ​စီး​ပြီး ထွက်​သွား​တယ်။ ၁၁  စာထဲ​မှာ ဘုရင်​က မြို့​အသီး​သီး​မှာ​ရှိ​တဲ့ ဂျူး​တွေ စု​ရုံး​ပြီး ကိုယ့်​အသက်​အတွက် ခု​ခံ​ကာ​ကွယ်​ဖို့၊ ခ​ရိုင်​တွေ ဒါ​မှ​မဟုတ် လူမျိုး​တွေ​ထဲ​က တိုက်​ခိုက်​လာ​သူ ဘယ်​သူ့​ကို​မဆို မိန်း​မနဲ့​က​လေး​တွေ ဖြစ်​နေ​ရင်​တောင် သုတ်​သင်​ပယ်​ရှင်း​ပြီး သူတို့​ရဲ့ ပစ္စည်းတွေ​ကို သိမ်း​ယူ​ဖို့ ခွင့်​ပြု​ထား​တယ်။+ ၁၂  အာ​ရွှေ​ရု​မင်း အုပ်​ချုပ်​တဲ့ ခ​ရိုင်​အားလုံး​မှာ အာ​ဒါ* လို့​ခေါ်​တဲ့ ၁၂ လ​ပိုင်း၊ ၁၃ ရက်​နေ့​မှာ​ပဲ ဂျူး​တွေ အဲဒီ​လို လုပ်​ခွင့်​ရှိ​တယ်။+ ၁၃  စာ​ထဲ​မှာ​ပါ​တဲ့ အမိန့်​ကို ခ​ရိုင်​အားလုံး​မှာ ဥ​ပဒေ​အဖြစ် သတ်​မှတ်​ရ​မယ့်​အပြင် လူ​အားလုံး​သိ​ဖို့​လည်း ကြေ​ညာ​ရ​မယ်။ ဒါ​မှ အဲဒီ​နေ့​မှာ ဂျူး​တွေ​က ရန်​သူ​တွေ​ကို လက်​တုံ့​ပြန်​ဖို့ အသင့်​ဖြစ်​နေ​နိုင်​မယ်။+ ၁၄  ဘု​ရင့်​အမိန့်​အရ ခြေ​မြန်​တော်တွေ​ဟာ ဘု​ရင့်​မြင်း​ဇောင်း​ထဲ​မှာ မွေး​ထား​တဲ့ သန်​မြန်​တဲ့ မြင်း​တွေ​စီး​ပြီး ဒုန်း​စိုင်း​ထွက်​သွား​ကြ​တယ်။ အဲဒီ​ဥ​ပဒေ​ကို ရှု​ရှန်​နန်း​တော်​မှာ​လည်း+ ထုတ်​ပြန်​တယ်။ ၁၅  မော်​ဒ​ကဲ​က တင့်​တယ်​တဲ့ ရွှေ​သရ​ဖူ​ကို ဆောင်း၊ ဝတ်​လဲ​တော်​အ​ဖြူ​အပြာ​နဲ့ ခ​ရမ်း​ရောင် သိုး​မွေး​ဝတ်​ရုံ​ကို ဝတ်​ဆင်​ပြီး+  မင်း​ကြီး​ရှေ့​က​နေ ထွက်​လာ​တယ်။ ရှု​ရှန်​မြို့​ထဲ​မှာ လူ​တွေ ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​တယ်။ ၁၆  ဂျူး​တွေ သက်​သာ​ရာ​ရ​သွား​ပြီး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​တယ်။ လူ​တွေ​က သူတို့​ကို လေး​စား​လာ​ကြ​တယ်။ ၁၇  အမိန့်​တော်​စာ  ရောက်​လေ​ရာ ခရိုင်​နဲ့ မြို့​အားလုံး​မှာ ဂျူး​တွေ​ဟာ ဝမ်း​မြောက်​ရွှင်​လန်း​ပြီး စား​သောက်​ပွဲ​တွေ၊ ပျော်​ပွဲ​ရွှင်​ပွဲ​တွေ လုပ်​ကြ​တယ်။ ပြည်​သူ​ပြည်​သား အတော်​များ​များ ဂျူး​တွေ​ကို​ကြောက်​ပြီး ဂျူး​ဘာ​သာ​ထဲ ဝင်​လာ​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ