ကမ္ဘာဦး ၃:၁-၂၄

  • လူ့​အပြစ်​ရဲ့ အစ (၁-၁၃)

    • ပထမဆုံး မုသာ (၄၊ ၅)

  • ပုန်ကန်သူ​တွေကို ယေဟောဝါ စီရင် (၁၄-၂၄)

    • မိန်းမ​ရဲ့​မျိုးနွယ်​အကြောင်း ကြိုဟော (၁၅)

    • ဧဒင်​က​နေ နှင်ထုတ် (၂၃၊ ၂၄)

 မြွေ​ဟာ+ ယေဟောဝါ​ဘုရား ဖန်ဆင်း​တဲ့ တိရစ္ဆာန်တွေ​ထဲမှာ သတိ​အကြီးဆုံး​ပဲ။* မြွေ​က မိန်းမ​ကို “ဥယျာဉ်​ထဲမှာရှိတဲ့ အပင်​အားလုံးရဲ့ အသီး​ကို မစား​နဲ့​လို့ ဘုရား​သခင် တကယ်ပဲ ပြော​သလား” ဆို​ပြီး မေးတယ်။+ ၂  မိန်းမ​က “ဥယျာဉ်​ထဲမှာရှိတဲ့ အပင်​တွေ​ရဲ့ အသီး​ကို ကျွန်မတို့ စား​လို့ ရ​ပါတယ်။+ ၃  ဥယျာဉ်​ထဲက အပင်​တစ်ပင်​ရဲ့ အသီး​ကို​တော့+ ‘မစား​နဲ့၊ မထိ​နဲ့။ စား​မယ်၊ ထိ​မယ်ဆိုရင် သေ​ရမယ်’ ဆို​ပြီး ဘုရား​သခင် မှာ​ထားတယ်” လို့ ပြန်ဖြေ​တယ်။ ၄  မြွေ​က​လည်း “မင်း​တို့ လုံးဝ သေ​မှာ မဟုတ်ဘူး။+ ၅  တကယ်တော့ အဲဒီ​အသီး​ကို စားတဲ့​နေ့မှာပဲ မျက်စိပွင့်* လာမယ်၊ အကောင်းအဆိုး​ကို သိလာပြီး ဘုရား​လို ဖြစ်လာမယ်​ဆို​တာ+ ဘုရား​သခင် သိတယ်” လို့ ပြောတယ်။ ၆  အဲဒီ​အပင်​ရဲ့ အသီး​ဟာ စား​ချင်​စရာ၊ လှပပြီး မက်မော​စရာ​ကောင်းတာကို မိန်းမ မြင်တဲ့အခါ ခူးစား​လိုက်တယ်။+ လူယောက်ျား​ကို ပေး​တော့ သူ​လည်း စား​တယ်။+ ၇  အဲဒီအခါ နှစ်ယောက်စလုံး မျက်စိပွင့်​လာပြီး အဝတ် မဝတ်​ထားမှန်း သိ​လာကြတယ်။ ဒါကြောင့် သဖန်း​ရွက်​တွေကို သီ​ပြီး ဝတ်​ကြ​တယ်။+ ၈  ညနေပိုင်း​ရောက်​တော့ လူ​လင်မယား​ဟာ ဥယျာဉ်​ထဲ လျှောက်​လာတဲ့ ယေဟောဝါ​ဘုရားရဲ့ အသံ​ကို ကြားရ​တယ်။ ဒါနဲ့ ယေဟောဝါ​ဘုရား မမြင်​အောင် သစ်ပင်​တွေ​ကြားမှာ ပုန်း​နေကြတယ်။ ၉  ယေဟောဝါ​ဘုရားက “မင်း ဘယ်မှာ​လဲ” ဆို​ပြီး ယောက်ျား​ကို အကြိမ်ကြိမ် ခေါ်တယ်။ ၁၀  နောက်ဆုံးမှာ ယောက်ျား​က “ဥယျာဉ်​ထဲမှာ ကိုယ်တော့်​အသံ​ကို ကြား​ပါတယ်။ ဒါပေမဲ့ ကျွန်တော် အဝတ် မဝတ်​ထား​လို့ ကြောက်​ပြီး ပုန်း​နေတာပါ” ဆို​ပြီး ပြောတယ်။ ၁၁  အဲဒီအခါ ဘုရား​သခင်​က “မင်း အဝတ် မဝတ်​ထား​ဘူးလို့ ဘယ်သူ ပြောသလဲ။+ မစား​နဲ့​လို့ ငါ​မိန့်မှာ​ထားတဲ့ အပင်​ရဲ့ အသီး​ကို စား​လိုက်​ပြီ​လား”+ လို့ မေး​တော့၊ ၁၂  ယောက်ျား​က “ကိုယ်တော် ပေး​တဲ့ မိန်းမ​က အဲဒီ​အပင်​ရဲ့ အသီး​ကို ကျွေး​လို့ ကျွန်တော် စား​မိ​တာ​ပါ” ဆို​ပြီး ဖြေ​တယ်။ ၁၃  ဒါနဲ့ ယေဟောဝါ​ဘုရားက “မင်း ဘယ်လို လုပ်​လိုက်တာလဲ” လို့ မေးတဲ့အခါ မိန်းမ​က “မြွေ​လှည့်စား​လို့ စား​မိ​တာ​ပါ”+ လို့ ဖြေ​တယ်။ ၁၄  ဒါနဲ့ ယေဟောဝါ​ဘုရားက မြွေ​ကို+ “အခုလို လုပ်တဲ့​အတွက် သားယဉ်၊ သားရဲ​တွေ​ထဲမှာ မင်း ကျိန်စာသင့်​ပြီ။ ဝမ်း​နဲ့ တွားသွား​ပြီး မြေမှုန့်​ကို တစ်သက်လုံး စား​ရမယ်။ ၁၅  မင်း​နဲ့+ မိန်းမ​ကိုရော+ မင်း​ရဲ့ မျိုးနွယ်​နဲ့+ မိန်းမ​ရဲ့ မျိုးနွယ်​ကို​ပါ+ ငါ​ရန်ငြိုး​ဖွဲ့​စေမယ်။+ သူက မင်း​ရဲ့ ခေါင်း​ကို ကြိတ်​လိမ့်မယ်။+ မင်း​လည်း သူ့​ဖနောင့်​ကို ပေါက်​ရ​လိမ့်မယ်”+ လို့ ပြောတယ်။ ၁၆  မိန်းမ​ကို​လည်း “မင်းဟာ ကိုယ်ဝန်ဆောင်​ချိန်မှာ ဒုက္ခ​အများကြီး ကြုံရ​မယ်။ ဝေဒနာ ခံစား​ပြီး သားဖွား​ရမယ်။ ကိုယ့်​ယောက်ျား​ကို တမ်းတမ်း​စွဲ ဖြစ်နေ​လိမ့်မယ်။ သူက မင်းကို ဩဇာ​လွှမ်းမိုး​လိမ့်မယ်” လို့ ပြောတယ်။ ၁၇  အာဒံ* ကို​တော့ “မင်း​က မိန်းမ​စကား နားထောင်ပြီး ‘မစား​နဲ့’ လို့ ငါ​မိန့်မှာ​ထားတဲ့ အပင်​ရဲ့ အသီး​ကို စားတဲ့​အတွက်+ မြေကြီး​ဟာ ကျိန်စာသင့်​ပြီ။+ မြေ​ထွက်​သီးနှံ စား​ရဖို့ တစ်သက်လုံး မင်း ပင်ပင်ပန်းပန်း လုပ်ကိုင်​ရ​လိမ့်မယ်။+ ၁၈  မြေပေါ်မှာ ဆူးပင်​တွေ၊ ချုံပင်​တွေ ပေါက်​လာမယ်။ မြေပေါ်မှာ ပေါက်​တဲ့ အပင်​တွေကို မင်း စား​ရမယ်။ ၁၉  မြေကြီး​က ဖြစ်လာတဲ့ မင်းဟာ+ မြေကြီးကို ပြန်သွား​ချိန်​အထိ ချွေး​ထွက်​အောင် ပင်ပင်ပန်းပန်း လုပ်​မှ အစာစား​ရမယ်။ မင်းဟာ မြေမှုန့် ဖြစ်တဲ့​အတွက် မြေမှုန့်​ကိုပဲ ပြန်​ရမယ်”+ လို့ ပြောတယ်။ ၂၀  အဲဒီနောက် အာဒံ​က ဇနီးကို ဧဝ* လို့ နာမည်​ပေးတယ်။ ဧဝ​ဟာ အသက်ရှင်​သူ​အားလုံးရဲ့ မိခင် ဖြစ်လာ​မှာ​မို့​လို့ပဲ။+ ၂၁  ယေဟောဝါ​ဘုရားက အာဒံနဲ့ သူ့​မိန်းမ ဝတ်ဆင်​ဖို့ သားရေ​ဝတ်လုံ​ရှည် လုပ်ပေးတယ်။+ ၂၂  ပြီးတော့ ယေဟောဝါ​ဘုရားက “ဒီ​လူ​ဟာ ငါ​တို့​လိုပဲ အကောင်းအဆိုး​ကို သိ​လာပြီ။+ အခု အသက်​ပင်​ရဲ့+ အသီး​ကို ယူ​စား​ပြီး ထာဝစဉ် အသက်ရှင်​တာ​မျိုး မဖြစ်​ရလေ​အောင် တစ်ခုခု လုပ်​မှ ဖြစ်မယ်” လို့ ပြောတယ်။ ၂၃  ဒါနဲ့ ယေဟောဝါ​ဘုရားက မြေကြီး​က​ဖြစ်လာတဲ့ လူကို မြေ​ကို ထွန်ယက်​စိုက်ပျိုး​ဖို့+ ဧဒင်ဥယျာဉ်+ အပြင်ဘက် နှင်ထုတ်​လိုက်တယ်။ ၂၄  အဲဒီလို​နှင်ထုတ်​ပြီးနောက် အသက်​ပင်​ဆီ သွား​တဲ့ လမ်း​ကို စောင့်ကြပ်​ဖို့ အဆက်မပြတ် လည်​နေတဲ့ မီး​ဓား​စက်​နဲ့ ခေရုဗိမ်​တွေ*+ ကို ဧဒင်ဥယျာဉ်​အရှေ့​မှာ ထား​လိုက်တယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အ​ပါးနပ်​ဆုံး​ပဲ။”
အသိဉာဏ်​တိုး/ပွင့်​လာ​တာကို ဆိုလို။
အဓိပ္ပာယ်၊ “လူယောက်ျား၊ လူသား။”
အဓိပ္ပာယ်၊ “အသက်ရှင်​သူ။”
ခက်ဆစ်ကို​ကြည့်။