မာတိကာဆီ ကျော်သွား

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ—ကျမ်းစာဇာတ်ကောင်တွေရဲ့ ဘဝဇာတ်ကြောင်းကို မြင်ယောင်ခံစားကြည့်ပါ

ဒီဆောင်းပါးတွဲက ကျမ်းစာထဲက ယုံကြည်ခြင်း စံနမူနာရှင်တွေရဲ့ ဘဝသရုပ်ကို ပီပီပြင်ပြင် မြင်တွေ့ခံစားရစေပါလိမ့်မယ်။ a ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့အောင်၊ ဘုရားသခင်နဲ့ ပိုရင်းနှီးအောင် သူတို့ရဲ့ယုံကြည်ခြင်းက ကူညီပေးနိုင်တယ်။

သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ ဗီဒီယိုတွဲကလည်း သစ္စာရှိကျမ်းစာဇာတ်ကောင်တွေအကြောင်း ပိုသိနိုင်အောင် ကူညီပေးပါမယ်။

a ကျမ်းစာမှာ မပါတဲ့ အသေးစိတ်အချက်တချို့ ထည့်သွင်းထားတာဟာ ယုံကြည်ခြင်း စံနမူနာရှင်တွေရဲ့ ဘဝဇာတ်ကြောင်းကို မြင်ယောင်ကြည့်ပြီး သူတို့နဲ့အတူ ပါဝင်ခံစားနိုင်စေဖို့ပါ။ ဒီအသေးစိတ်အချက်တွေက ကျမ်းစာမှတ်တမ်း၊ သမိုင်းမှတ်တမ်း၊ ရှေးဟောင်းသုတေသန တွေ့ရှိချက်တွေနဲ့ ကိုက်ညီပါတယ်။

ဖန်ဆင်းချိန်ကနေ ရေလွှမ်းမိုးချိန်အထိ

အာဗေလ​—“သူ သေသွားပေမဲ့ ယုံကြည်ခြင်းအားဖြင့် အခုထိ ဟောနေတုန်းပဲ”

ကျမ်းစာထဲမှာ အာဗေလအကြောင်း နည်းနည်းပဲပါပေမဲ့ သူနဲ့ သူ့ယုံကြည်ခြင်းအကြောင်း ဘာသိရသလဲ။

ဧနောက်—‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’

သင်ဟာ မိသားစုကို ကျွေးမွေးနေရတယ်၊ မှန်ရာဘက် ကြိုးစားရပ်တည်နေရတယ်ဆိုရင် ဧနောက်ရဲ့ ယုံကြည်ခြင်းကနေ သင်ယူနိုင်တယ်။

နောဧ​—“ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”

သားသမီးတွေကို နောဧနဲ့ ဇနီး ပြုစုစောင့်ရှောက်တဲ့အခါ ဘာအခက်အခဲတွေ ကြုံရသလဲ။ သင်္ဘောဆောက်ဖို့ ယုံကြည်ခြင်း ဘယ်လို ပြခဲ့သလဲ။

နောဧ—“နောဧနဲ့ လူခုနှစ်ဦးတို့ကို ကယ်တင်”

လူသားတွေအတွက် အခက်အခဲဆုံးအချိန်မှာ နောဧနဲ့ သူ့မိသားစု ဘယ်လိုကယ်တင်ခံခဲ့ရသလဲ။

ရေလွှမ်းမိုးချိန်ကနေ လွတ်မြောက်ချိန်အထိ

အာဗြံ​—⁠‘ယုံကြည်ခြင်းရှိသူတွေရဲ့ ဖခင်’

အာဗြံဟာ ယုံကြည်ခြင်းကို ဘယ်လိုနည်းနဲ့ ပြခဲ့သလဲ။ အာဗြံရဲ့ယုံကြည်ခြင်းကို ဘယ်နည်းတွေနဲ့ သင်အတုယူချင်သလဲ။

စာရာ—‘မင်းဟာ မိန်းမချောပဲ’

အီဂျစ်မှာ ဖာရောရဲ့ မှူးမတ်တွေက စာရာရဲ့ အလှကို သတိထားမိတယ်။ နောက်ပိုင်းဖြစ်ပျက်တာတွေကြောင့် သင် အံ့သြမိမယ်။

စာရာ—ဘုရားသခင်က “မင်းသမီး” လို့ နာမည်ပေးခဲ့သူ

ဒီနာမည်အသစ်က စာရာနဲ့ ဘာလို့လိုက်ဖက်သလဲ

ရေဗက္က—‘ကျွန်မ လိုက်ပါမည်’

ရေဗက္ကဟာ ယုံကြည်ခြင်းအပြင် နှစ်သက်စရာကောင်းတဲ့ တခြားအရည်အသွေးတွေကိုလည်း တင်ပြခဲ့ပါတယ်။

ယောသပ်—“ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့”

ဒီနေ့ခေတ် မိထွေးပထွေးတွေရှိတဲ့ မိသားစုတွေက ယောသပ်ရဲ့ ပြဿနာများတဲ့ မိသားစုနောက်ခံကနေ အဖိုးတန်တဲ့ သင်ခန်းစာရရှိနိုင်ပါတယ်။

ယောသပ်—“အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ

ပေါတိဖာမိန်းမရဲ့ ဇွဲကောင်းကောင်းနဲ့ မြှူဆွယ်မှုကို ယောသပ် ဘယ်လိုတွန်းလှန်ခဲ့သလဲ။

ယောသပ်—“အိပ်မက်အနက်ကို ဘုရားသခင် ရှင်းပြနိုင်”

အီဂျစ်ပြည်က ဖလားတော်ဝန်၊ စားတော်ဝန်နဲ့ ဖာရောမင်းတို့ရဲ့ အိပ်မက်ကို ရဲရဲဝံ့ဝံ့ ပြောပြနိုင်ဖို့ ယောသပ်ကို ဘာက ကူညီပေးသလဲ။ ယောသပ်ဟာ နေ့ချင်းညချင်း ထောင်ထဲကနေ နန်းတော်ထဲကို ဘယ်လိုရောက်သွားသလဲ။

ယောသပ်—“ဘုရားသခင်ကပဲ အပြစ်ပေးနိုင်”

သင့်မိသားစုဟာ မနာလိုမှု၊ မုန်းတီးမှုတွေကြောင့် စိတ်ဝမ်းကွဲနေပါသလား။ ဒါဆို ယောသပ်အကြောင်းကျမ်းစာမှတ်တမ်းက ကူညီပေးနိုင်ပါတယ်။

ယောဘ—“ကျုပ်ရဲ့ သမာဓိကို မစွန့်​ဘူး”

ယောဘ​အကြောင်း ကျမ်းစာ​ဇာတ်လမ်း​က ဒုက္ခ​အခက်အခဲ​တွေ၊ ယုံကြည်ခြင်း စမ်းသပ်မှုတွေ ကြုံရ​ချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ယောဘ​—နာကျင်မှုကို ယေဟောဝါ ကုသ​ပေးခဲ့

ယောဘရဲ့ သစ္စာရှိ​မှု​ကို တုပမယ်​ဆိုရင် စာတန်ကို အလွန်​ ဒေါသ​ထွက်​စေပြီး ယေဟောဝါကို ပျော်ရွှင်​စေပါလိမ့်မယ်။

မိရိအံ—“ယေဟောဝါ​ကို ချီးမွမ်း​သီချင်း ဆို​ကြ​စို့”

ပရောဖက်မ မိရိအံ​ဟာ ပင်လယ်နီ​မှာ အစ္စရေး​အမျိုးသမီးတွေကို ဦးဆောင်​ပြီး အောင်ပွဲခံ​သီချင်း သီဆိုဖို့ စွမ်းအားတော်​နဲ့ တိုက်တွန်း​ခံ​ခဲ့​ရတယ်။ သူ့ရဲ့ ဘဝကနေ ရဲစွမ်းသတ္တိ၊ ယုံကြည်ခြင်း၊ နှိမ့်ချမှု​အကြောင်း သင်ယူနိုင်တယ်။

လွတ်မြောက်ချိန်ကနေ အစ္စရေး ပထမဘုရင်ခေတ်အထိ

ရာခပ်—“အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ

ကျွန်ုပ်တို့တစ်ဦးစီဟာ ယေဟောဝါဘုရားရှေ့မှာ အရေးပါတယ်ဆိုတာ ရာခပ်ရဲ့ဇာတ်လမ်းကနေ ဘယ်လိုသိရှိရသလဲ။ သူ့ရဲ့ ယုံကြည်ခြင်းကနေ ဘာတွေသင်ယူနိုင်သလဲ။

ဒေဗောရ—“အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါဖြစ်လာ”

ဒေဗောရနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကနေ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိအကြောင်း ဘာသိရသလဲ။

ရုသ​—“အမေသွားတဲ့နေရာကို ကျွန်မလိုက်မယ်”

မိသားစုနဲ့ နေရင်းပြည်ကို ရုသ ဘာကြောင့် စွန့်ခွာလိုစိတ် ရှိသလဲ။ ရုသမှာ ယေဟောဝါတန်ဖိုးထားတဲ့ ဘယ်အရည်အသွေးတွေ ရှိသလဲ။

ရုသ​—“မွန်မြတ်တဲ့ အမျိုးသမီး”

ရုသနဲ့ ဗောဇ လက်ထပ်တာ ဘာကြောင့် ထူးခြားသလဲ။ မိသားစုနဲ့ပတ်သက်ပြီး ရုသနဲ့ နောမိဆီကနေ ဘာသင်ယူနိုင်သလဲ။

ဟန္န​—ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့

ယေဟောဝါအပေါ် ဟန္နရဲ့ ယုံကြည်ခြင်းက ဖြေရှင်းလို့မရနိုင်ဘူးလို့ ထင်ရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကူညီပေးခဲ့တယ်။

ရှမွေလ​—“ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”

ရှမွေလရဲ့ ငယ်ဘဝက ဘယ်လို ထူးခြားသလဲ။ တဲတော်မှာ ယုံကြည်ခြင်း တိုးပွားလာဖို့ ဘာက သူ့ကို ကူညီပေးခဲ့သလဲ။

ရှမွေလ​—စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိ

ကျွန်တော်တို့ အားလုံးဟာ ယုံကြည်ခြင်း စမ်းသပ်မှုဖြစ်စေတဲ့ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေ ကြုံတွေ့ကြရတယ်။ ရှမွေလရဲ့ ခံနိုင်ရည်က ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။

အစ္စရေး ပထမဘုရင်ခေတ်ကနေ ယေရှု မွေးဖွားချိန်အထိ

ယောနသန်—‘ယေဟောဝါ​ဘုရားကို ဘာကမှ မတားဆီး​နိုင်ဘူး’

ယောနသန်​တို့​နှစ်ယောက် လက်နက်​ပါတဲ့​ရန်သူ ကင်း​တပ်​တစ်တပ်လုံး​ကို တိုက်ခိုက်​တဲ့​အတွက် ရာဇဝင်​တွင်​သွားတယ်။

ဒါဝိဒ်—‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’

ဂေါလျတ်ကို ​ဒါဝိဒ် ဘာလို့ တိုက်ခိုက်အောင်မြင်တာလဲ။ ​ဒါဝိဒ်ရဲ့အဖြစ်အပျက်ကနေ ဘာသင်ယူနိုင်သလဲ။

ဒါဝိဒ်​နဲ့ ယောနသန်​—“သိပ်​ရင်းနှီး​သွားကြတယ်”

အသက်အရွယ်​ကော နောက်ခံ​အခြေအနေ​ပါ တော်တော်လေး ကွာခြား​သူ​နှစ်ဦး ဘယ်လို ရင်းနှီး​သွား​ကြသလဲ။ ကျွန်တော်တို့ မိတ်ဆွေ ဖွဲ့​တဲ့အခါ သူတို့ဆီက ဘာတွေ သင်ယူ​နိုင်သလဲ။

အဘိဂဲလ​—⁠ဉာဏ်အမြော်အမြင်ရှိရှိ သူပြုမူခဲ့

အဘိဂဲလရဲ့ အိမ်ထောင်ရေး အခက်အခဲကနေ ဘာသင်ယူနိုင်သလဲ။

ဧလိယ​—စစ်မှန်တဲ့ ဝတ်ပြုရေးဘက် သူရပ်တည်ခဲ့

ကျမ်းစာသွန်သင်ချက်ကို သဘောမတူသူတွေနဲ့ တွေ့တဲ့အခါ ဧလိယကို ဘယ်လို အတုယူနိုင်သလဲ။

ဧလိယ​—သူ စောင့်ကြည့်ပြီး စောင့်မျှော်ခဲ့

ယေဟောဝါရဲ့ ကတိပြည့်စုံလာမှာကို စောင့်နေချိန်မှာ ဆုတောင်းတဲ့အကျင့်ရှိမှန်း ဧလိယ ဘယ်လို ပြသခဲ့သလဲ။

ဧလိယ​—ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့

ဘယ်အဖြစ်အပျက်တွေကြောင် ဧလိယ အရမ်းစိတ်ဓာတ်ကျပြီး သေဖို့ တောင်းဆိုခဲ့သလဲ။

ဧလိယ—မတရားမှုကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ

သင်ကော မတရားမှုကို ကြုံခဲ့ဖူးသလား။ မတရားမှုတွေကို ဘုရားသခင်တရားစီရင်မှာကို သင်မြင်တွေ့ချင်ပါသလား။ သစ္စာရှိတဲ့ ဧလိယကို ဘယ်လိုတုပနိုင်မလဲဆိုတာ ဖတ်ကြည့်ပါ။

ဧလိယ​—အဆုံး​ထိ ခံနိုင်ရည်​ ရှိခဲ့​သူ

ဧလိယရဲ့ ခံနိုင်ရည် ပုံနမူနာ​က အခက်အခဲ​တွေ​ကြား ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေနိုင်တယ်။

ယောန​​—အမှားတွေကနေ သူ သင်ခန်းစာယူခဲ့

တာဝန်ကိုလက်ခံဖို့ ကြောက်နေတဲ့ ယောနကို ကိုယ်ချင်းစာနိုင်သလား။ သူ့ရဲ့ဇာတ်လမ်းက ယေဟောဝါရဲ့ စိတ်ရှည်မှုနဲ့ ကရုဏာအကြောင်း အများကြီး သင်ပေးတယ်။

ယောန​​—သူ ကရုဏာပြတတ်လာ

ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့ ယောနအကြောင်း မှတ်တမ်းက ဘယ်လို ကူညီပေးနိုင်သလဲ။

ဧသတာ​—ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့

ဧသတာလို ကိုယ်ကျိုးစွန့်မေတ္တာပြဖို့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ လိုတယ်။

ဧသတာ​​—ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့

ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးအတွက် ဧသတာ ဘယ်လို ကိုယ်ကျိုးစွန့်ခဲ့သလဲ။

ယေရှု မွေးဖွားချိန်ကနေ တမန်တော်များ သေဆုံးချိန်အထိ

မာရိ​​—ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ

ကောင်းကင်တမန် ဂါဗြေလကို မာရိ တုံ့ပြန်ပုံက သူ့ယုံကြည်ခြင်းအကြောင်း ဘာဖော်ပြသလဲ။ တခြား ဘယ် အရည်အချင်းကောင်းတွေကို သူ တင်ပြသလဲ။

မာရိ​​—သူ “ဆင်ခြင်တွေးတော” ခဲ့

ဘက်သလီဟင်မြို့မှာ မာရိကြုံတွေ့ခဲ့တာတွေက ယေဟောဝါရဲ့ ကတိတွေအပေါ် သူ့ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့တယ်။

မာရိ—ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ

ဝမ်းနည်းကြေကွဲမှုကို သင်ခံစားနေရမယ်ဆိုရင် ယေရှုရဲ့မိခင် မာရိဆီကနေ သင်ယူနိုင်ပါတယ်။

ယောသပ်​​—သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ လက်မလျှော့ဘဲ ဆက်လုပ်ဆောင်ခဲ့

ယောသပ်ဟာ ဘယ်လိုနည်းတွေနဲ့ သူ့မိသားစုကို ကာကွယ်ပေးသလဲ။ မာရိနဲ့ ယေရှုကို အီဂျစ်ပြည်ကို သူ ဘာကြောင့် ခေါ်သွားသလဲ။

မာသ​—“ကျွန်မ ယုံပါတယ်”

ဝမ်းနည်း ပူဆွေးနေချိန်မှာတောင် ထူးခြားတဲ့ ယုံကြည်ခြင်းကို မာသ ဘယ်လို ပြခဲ့သလဲ။

မာဂဒလမာရိ—“သခင့်​ကို ကျွန်မ တွေ့​လိုက်တယ်”

သစ္စာရှိ အမျိုးသမီး မာဂဒလမာရိ​ဟာ အသက်ပြန်ရှင်​လာတဲ့ ယေရှုကို မြင်တွေ့ခဲ့​ရတဲ့ ပထမဆုံး တပည့် ဖြစ်တယ်။ တခြား​သူတွေကို အဲဒီ​သတင်းကောင်း ပြန်​ပြောဖို့ အခွင့်အရေး ပေးအပ်​ခံရတယ်။

ပေတရု​—ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို သူတွန်းလှန်ခဲ့

သံသယဟာ တန်ခိုးကြီးတယ်၊ အာရုံထွေပြားစေနိုင်တယ်။ ဒါပေမဲ့ ယေရှုနောက်လိုက်တာနဲ့ ပတ်သက်တဲ့ ကြောက်ရွံ့ခြင်းနဲ့ သံသယကို ပေတရု တိုက်လှန်နိုင်ခဲ့တယ်။

ပေတရု​—စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့

ယေရှုဆုံးမတာကို ခံရတဲ့အချိန်မှာ ပေတရုရဲ့ ယုံကြည်ခြင်းနဲ့ သစ္စာရှိမှုက သူ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။

ပေတရု​—ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့

ခွင့်လွှတ်ခြင်းအကြောင်း ပေတရုကို ယေရှု ဘာသင်ပေးသလဲ။ ပေတရုကို ခွင့်လွှတ်လိုက်ပြီလို့ ယေရှု ဘယ်လို ဖော်ပြသလဲ။

တိမောသေ—“သခင်၌သစ္စာရှိသော ငါ၏ချစ်သား”

ရှက်ကြောက်တတ်တဲ့ လူငယ်တစ်ဦးအဖြစ်ကနေ လူသိများတဲ့ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်လာအောင် တိမောသေကို ဘာက လှုံ့ဆော်ပေးခဲ့တာလဲ။